အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။  

ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းသည် ဆော့ကစားရန် ထွက်သွားရာမှ ပြန်မလာ၍ ၎င်း၏ မိဘနှင့် ရွာသားများက လိုက်လံ ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေစဉ် ည(၁၁)နာရီ ဝန်းကျင်တွင် ကျေးရွာနှင့် အလှမ်းဝေးသည့် တောင်ပေါ် ဘုရားတောင် ရေတွင်းထဲ၌ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။​

“ကလေးထွက်သွားတာ မိဘတွေကလည်း အလုပ်များတော့ သတိမထားမိပုံပဲ၊ ကလေးပြန်မလာလို့ လိုက်ရှာတော့ အလောင်းပဲ ပြန်တွေ့တယ်၊ ပြန်တွေ့တဲ့ အချိန် ကလေးရဲ့ နားကပ်တွေ မတွေ့တော့ဘူး၊ ရွာသားတွေပြောတာတော့ နားကပ် လု၊ သတ်ပြီးမှ ရေတွင်းထဲ ပစ်ချတာလို့ ယူဆကြတယ်” ဟု ၎င်းကပြောသည်။ 

ကလေး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည့် ဘုရားတောင် ရေတွင်းနှင့် နောင်ရဲ ကျေးရွာသည် နာရီဝက်မျှ ကွာဝေးကြောင်းသိရသည်။​

လက်ရှိအချိန်ကာလသည့် စားဝတ်နေရေး ခက်ခဲနေသည့်အပြင် အောင်ပန်းမြို့နယ်အတွင်း  မူးယစ်ဆေးသုံးစွဲသူ၊ စလော့ဂိမ်း ကစားသူများလာမှုကြောင့်  လူသတ်မှုများ မကြာခဏ ကြားလာရကြောင်း အောင်ပန်း ဒေသခံ အမျိုးသားက ပြောသည်။

“အောင်ပန်းမှာတော့ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်လာတယ်၊ မူးယစ်‌ဆေးသုံးတဲ့သူ ဂိမ်းဆော့သူတွေ များလာတော့ လူသတ်မှုတွေ လုယက်မှု ဖြစ်လာတာပေါ့၊ ကလေးတွေကို ညနေဘက်ဆို ဘယ်မှ ပေးမထွက်တာ အကောင်းဆုံး၊ ကိုယ့်အနီးက လူတောင် ကိုယ်မယုံရတဲ့ အခြေနေ ဖြစ်နေပြီ၊ ခေတ်ကာလက တော်တော် ဆိုးနေပြီ။”ဟု အောင်ပန်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ လူသတ်မှုများ၊ ခိုးဆိုးလုယက်မှုများနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု များသည် တစ်လလျှင် (၁၀) ကြိမ် အနည်းဆုံး ဖြစ်ပွားနေကြောင်း အောင်ပန်းနာရေး ကူညီမှုအသင်းက ဆိုသည်။

ယခုလက်ရှိ သျှမ်းတောင်တွင် လူပျောက်မှုများ၊ လုယက် အသတ်ခံရသူများ နှင့် မုဒိမ်းမှုများ မကြာခဏ ဖြစ်လာသောကြောင့် ဒေသခံများအနေဖြင့် အသွားလာသတိထားသင့်ကြောင်း အောင်ပန်းဒေသခံများကပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းကာလတွင် အောင်ပန်း-ကလော သွားလမ်း လမ်းမကြီးတွင် အွန်လိုင်း စလော့ဂိမ်းရှုံး၍ ငွေကြေးကျပ်သိန်း ၁၅၀ ခန့်ဆုံး ရှုံးခဲ့သည့် ၁၂ ဘီးကားယာဉ်မောင်းတစ်ဦးသည် ကားကိုလမ်းဘေးရပ်ကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...