Thursday, February 19, 2026

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ ခွဲကျော်တွင် ဟိုပုံး – ကျောက်တန်း – ပင်လုံ လမ်းပိုင်တွင် လူ ၁၅ ဦးတင်ဆောင်လာသည့် 4 wheel အဖြူရောင် ဘုရားဖူး ယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း နှလုံးသား လူမှုကူညီရေး အသင်း တာဝန်းရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်စောက်ကနေ ပင်လုံ ဘက်ကို ဘုရားဖူးလာတဲ့ ကားလို့ သိရတယ်။ကားပေါ်မှာ ကလေးအပါအဝင် လူကြီးတွေနဲ့ ဆိုရင် ၁၅ ယောက်ပါတယ်။၆ ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ သူတို့ကို ထမ်းဆမ်းဂူဘက်ကနေ ညတွင်းချင်းလာ ကူညီသွားတယ်။ လူနာတွေကိုလည်း ချက်ချင်း တောင်ကြီး ဆေးရုံဖက်ကို ပို့လိုက်ကြတယ်။” နှလုံးသား လူမှုကူညီရေး အသင်း တာဝန်းရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်တန်းလမ်းမပေါ်တွင် လတိုင်းနီးပါး ကားကြီး၊ကားငယ် တိမ်းမှောက်မှုများဖြစ်ပွား နေသည့် အတွက်ကြောင့် ၎င်းလမ်းကို အသုံးပြုမည့် ကားသမားများအနေဖြင့် ကားသေချာစစ်ဆေးရန် နှင့် သတိထားသွားလာရန် နှလုံးသား လူမှုကူညီရေး အသင်း တာဝန်းရှိသူတစ်ဦးက ဆက်ဆိုသည်။

“ကားတွေကိုလည်း သတိထားမောင်းစေချင်တယ်။အတက်အဆင်းလည်း ကြမ်းတယ်။ ကားကြံ့ခိုင်မှုမရှိတာဖြစ်ဖြစ် ဘရိတ်မကောင်းတာဖြစ်ဖြစ်မသွားစေချင်ပါဘူး။လမ်းသေချာ မသိရင်လည်း ဖြေးဖြေးမောင်းကြပါ။”ဟု ၎င်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ၆ ဦးကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) တောင်ကြီးမြို့တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

ထိုအပြင် ၂ ဦးဒဏ်ရာ အပြင်အထန် ရရှိခဲ့ပြီး ကျန် ၆ ဦးသည် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြကြောင်း ၎င်းကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦးသေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် အမျိုးသားတစ်ဉီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( မေလ ၁၂ ရက် ) ညအချိန်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံးလမ်းပေါ်တွင်ကုန်တင်ထားသည့် Toyota Alphart အဖြူရောင်ယာဉ်အမျိုးတစ်စီး...

ရွှေတူးဖော်မှု ကန့်ကွက်သည့် မုံးစီးဒေသခံများကို MNDAA သေနတ်ပစ်ခတ်၍ (၆) ဦးသေဆုံး၊ ဖြေရှင်းပေးရန် ဒေသခံများ ဆန္ဒပြ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်သည့် ဒေသခံများနှင့် MNDAA ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီး‌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၅ ရက်) နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ကားမီးလောင်မှုဖြစ်ပွား၊ သတိထားသွားလာရန်လိုအပ် 

0
သျှမ်းပြည်  တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း တွင် တောင်အတက်အဆင်းလမ်း ကြမ်းတမ်း မှုကြောင့် ယာဉ်တိမ်းမှောက်မှု မီးလောင်မှုများ မကြာခဏဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၆) ရက်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း ပေါ်တွင် လားရှိုးမြို့သို့ ပြန်သည့် စစ်ဘေးရှောင် ကားတစ်စီးမီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ကျောက်တန်းလမ်းမှာ ကားမီးလောင်သွားတာ မနေ့က လားရှိုးပြန်တဲ့ကား‌ပေါ့။ တော်သေးတယ်...