Tuesday, January 27, 2026

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊ သစ်တုံးနှင့် နွံများ နေအိမ် ၊ လမ်းများအတွင်းသို့ ဝင်ရောက်လာ၍ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးနှင့် အသက် ၆၀ ကျော် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြင်းထန် ဒဏ်ရာရရှိထားသည့် အမျိုးသမီးနှစ်ဦး ပင်လောင်းဆေးရုံသို့ ပို့ဆောင်ထား သည်။

လက်ရှိ တောင်ကျရေကြောင့် ဧဒင်ကျေးရွာတွင် နေအိမ် ၁၃ လုံးပျက်စီးသွားကြောင်း ဆာယာဂရုဏာဖောင်ဒေးရှင်း မှ ကိုသိန်းသန်းအောင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် နွံမြှုပ်သွားသည့်နေအိမ်

“ည လူအိပ်ချိန်မှာ ရေက ရုတ်တရက်ဝင်ပြီး တိုက်စားသွားတာ။ လူတွေလည်း သေတယ်။ ဒဏ်ရာ ရတဲ့ နှစ်ယောက်ကိုတော့ ဆေးရုံပို့ထားရတယ်။ အိမ်တွေလည်းပျက်တယ်။ ရေချောင်းဆို အကျယ်ကြီးဖြစ်သွားတယ်။ လာကူညီတဲ့သူတွေလည်း မလာသေးဘူး။ ရွာခံတွေပဲ ဝိုင်းဝန်းပြီး ကူညီနေရတာ။”ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး ရေဘေးသင့်ပြည်သူဦးရေ (၃၀) ကျော်ရှိပြီး ၎င်းတို့ကို ရွာထဲရှိ ခရစ်ယာန်ဘုရားကျောင်းတွင် တိမ်းရှောင်နေထိုင်နေပြီး အဝတ်အထည်၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အကူညီလိုအပ်နေကြာင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

အဆိုပါ တောင်ပေါ်ဒေသရှိ ဧဒင်ကျေးရွာက ဒေသခံများသည် မျှစ်ချိုးသည့်အလုပ်ကို သာလုပ်ကိုင်ကြပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန်တွင် ၎င်းဒေသခံများအတွက် ငွေကြေးအခြေအနေများ အခက်အခဲဖြစ်နိုင်နေကြောင်း သိရသည်။
ထို့ကြောင့် မိုးရာသီတွင် တိကျသည့် သတင်းအချက်လက်များ ပြည်သူများကို အချိန်နှင့်တပြေးညီ မျှဝေရန်လိုအပ်နေပြီး ပြည်သူများမှလည်း ရရှိသည့် သတင်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကတော့ ပြည်သူတွေက သတင်းအမှန်ကို အချိန်ကိုက် သိဖို့လိုတယ်။ ဒီနေ့ မိုးများမယ် မုန်တိုင်းဝင်မယ် စသဖြင့်ပေါ့။ နောက်ပြီး အသိပညာတွေလည်း ပေးဖို့ လိုအပ်တယ်။ မိုးရေချိန် ဘယ်လောက်များရင် တောင်ပြိုနိုင်တာတို့၊ ရေစီးကြောင်းမှာ ရေအရောင်ပြောင်းနေရင် နေရပ်ရွှေ့ဖို့ စတဲ့ အသိပညာတွေ ပေးဖို့ လိုအပ်တယ်။ ပြည်သူတွေလည်း လိုက်နာဖို့ လိုတယ်။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် သေဆုံးဒဏ်ရာရသူ

ယခုကဲ့သို့ တောင်ပြိုမှု ရေကြီးမှုဖြစ်စဉ်များသည် တောင်ပေါ်ဒေသနေရာအများစုတွင် ဖြစ်ပေါ်လာသည်မှာ သစ်တောများ ပြုန်းတီးခြင်း၊ သစ်ပင်များ ပြန်မစိုက်ကြခြင်းကြောင့် ရာသီဥတု ဆိုးရွားလာခြင်းနှင့်အတူ တောင်ပြိုမှုတွေ ဆက်တိုက် ဖြစ်လာနေရသည်ဟု ဆက်ပြောသည်။

မိုးရာသီ တောင်ပေါ်ဒေသတွင် မိုးများအဆက်မပြတ်ရွာသွန်းလျှင် တောင်ပြို၍ လမ်းပိတ်ခြင်းများမကြာ ခဏကြုံတွေ့ရသော်လည်း ယခုကဲ့သို့ နေအိမ်များ ပျက်စီးပြီး လူသေဆုံးမှုဖြစ်စဉ်သည် ဧဒင်ကျေးရွာတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

အလားတူ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် တောင်ကျရေကြောင့် နေအိမ် ၁၂လုံး ပျက်စီးသွားပြီး သေဆုံးသူ ၈ဦးရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ တွင် သျှမ်းတောင်နှင့် နေပြည်တော်ကြားရှိ တပ်ကုန်းအရှေ့ဘက်ကျေးရွာ များတွင် တောင်ကျရေကြောင့် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၆၀ နီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ တတိယပတ် အတွင်း ပင်လောင်းမြို့ဘက်မှ ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကားများဖြင့် စစ်အင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပင်လောင်းဒေသခံ...

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

0
“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။ ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၈ ရက် မနက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

ပင်လောင်း တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းအုပ်စု၊ လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာနှစ်ရွာသည် တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၂ ရက် မနက် ၁၀ နာရီကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် တောင်ကျရေ ရုတ်တရက် ဝင်ရောက်လာသဖြင့် နေအိမ်၊ လမ်းနှင့် စာသင်ကျောင်းများ ထိခိုက်...