ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။

ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့် ဒေသခံများ၏ စိုက်ခင်းများ အရှုံးပေါ်တာ အရင်းမရှိတော့သဖြင့် အဆင်မပြေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနှစ်တော့ ရှုံးပြီ။ ဘာမှမကျန်တော့ဘူး။ မိုးများတော့ တောင်ကျရေက ရုတ်တရက်ဆင်းလာတာ ဒီလို တစ်နှစ်မှမကြုံဖူးဘူး၊ စိုက်ထားသမျှ အကုန်ရှုံးတာပဲ ၅ ဧက ဝန်းကျင်လောက်ရှုံးတယ်၊ ဒီသီးနှံတွေကိုပဲ အားကိုးနေရတာကို အခုတော့ ဘာမှမကျန်တော့ဘူး။”ဟု ၎င်းဒေသခံကပြောသည်။​

သဘာဝဘေး အန္တရာယ်ကြုံလာရသောကြောင့် ဒေသခံများ၏ စီးပွားရေးများပျက်စီးရပြီး သဘာဝတောတောင် ရေမြေနှင့် သံယံဇာတများကို ထိန်းသိမ်းသင့်ကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ယမန် ၂၀၂၀ ခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုများသည် အခြေနေသိသာစွာ ဖောက်ပြန်မှုမရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသံယံဇာတ များကို အထိန်းကွတ်မဲ့စွာ ထုတ်ယူသုံးစွဲနေမှု‌ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်း လဲခြင်းများ ပိုမိုကြုံတွေ့လာရကြောင်း သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူ ပင်လောင်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“အခုဆို ဘယ်နားကြည့်ကြည့် သစ်ပင်တွေဘာမှ မရှိတော့ဘူး၊ သဘာဝကပေးတဲ့ အရင်းမြစ်တွေကို စီမံအသုံးပြုမှု မရှိတော့ ခုတ်ချင်သလို ခုတ် သုံးချင်သလို သုံးနေကြတာ၊အာဏာရှင် လက်ထက်ဆိုတော့ လက်နက်ရှိတဲ့သူက ပိုလုပ်ကြတယ်၊ ဥပဒေက စိုးမိုးမှုအားနည်းတော့ သံယံဇာတ တွေလည်း ထုတ်ချင်သလို ထုတ်လာကြတယ်၊ ‌ရေတွေညစ်ညမ်းတယ်၊ နောက်ဆုံး ပြည်သူတွေပဲ အဆိပ်သင့်ရတယ်။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ပထမပတ်တွင်လည်း ရွာငံမြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်အောက်ကျေးရွာရှိ ဆည်ကျေးရွာတွင် တောင်ကျရေများ စီးဆင်းကာ နေအိမ်အတွင်း ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရပြီး သီးနှံများ ပျက်စီးခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...