သျှမ်းပြည် တောင်ပိုင်း ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် အမျိုးသားတစ်ဉီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ( မေလ ၁၂ ရက် ) ညအချိန်တွင် ဟိုပုံး – ကျောက်တန်း – ပင်လုံးလမ်းပေါ်တွင်ကုန်တင်ထားသည့် Toyota Alphart အဖြူရောင်ယာဉ်အမျိုးတစ်စီး တိမ်းမှောက်နေပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသည့် ပင်လုံကားဆရာတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကားမှောက်တာက မနေ့ည ကဖြစ်တာ။လူကတော့ တစ်ယောက်ပဲတွေ့တယ် ကားသမားပဲဖြစ်လောက်မယ်ထင်တယ်။ကားက လုံးဝပျက်သွားတာ။ ဘရိတ်ပျက်လို့မှောက်တာနေမယ်” ဟု ၎င်းကဆိုသည်။
ထိုကျောက်တန်းလမ်းမကို သွားလာမည့် ကားသမားများအနေဖြင့် ကားသေချာစစ်ဆေးရန် နှင့်လမ်း အကွေ့အကောက် ၊ အတက်အဆင်းများခြင်းကြောင့် သတိထားသွားလာရန်လိုအပ်ကြောင်း ပင်လုံကားဆရာတစ်ဦးကဆက်ပြောသည်။
“ကုန်တွေအရမ်းတင်ပြီး မသွားတာကောင်းတယ်။ ကုန်းတက် အဆင်းက ကြမ်းတယ်လေ။ ဘရိတ်က အရမ်းပူရင် သိမ်ခံနိုင်ဘူး။ ဒီလမ်းကို သွားနေကြ လိုင်းကားတွေက သိပ်မဖြစ်ဘူး။ တခါတလေမှ လာတဲ့ကားသမားအဖြစ်များတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သျှမ်းပြည် တောင်ပိုင်း ဟိုးပုံး – ကျောက်တန်း -ပင်လုံလမ်း တွင်လတိုင်းနီးပါး
ကားကြီး၊ကားငယ်တိမ်းမှောက်မှုများဖြစ်ပွားနေကြောင်းသိရသည်။
မိုင်းပွန် – လွိုင်လင် လမ်းပိုင်းတွင် ပြည်ထောင်စုလမ်းမကြီပေါ်တွင် လမ်းပြုပြင်မှုများ ပြုလုပ်နေသဖြင့် တွဲကားကြီးများ၊ကားငယ်များ ပိတ်ဆို့မှုဖြစ်ပွားလေ့ရှိသည့်အပြင်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုမျာတင်းကြပ်ခြင်းကြောင့် ယခုနောက်ပိုင်းတွင်ခရီးသယ်တင်ယာဉ်များသည် ကျောက်တန်းလမ်းကို အသုံးပြုသွားလာကြကြောင်း သိရသည်။










Leave a Comments