Wednesday, January 28, 2026

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ကားမီးလောင်မှုဖြစ်ပွား၊ သတိထားသွားလာရန်လိုအပ် 

သျှမ်းပြည်  တောင်ပိုင်း ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း တွင် တောင်အတက်အဆင်းလမ်း ကြမ်းတမ်း မှုကြောင့် ယာဉ်တိမ်းမှောက်မှု မီးလောင်မှုများ မကြာခဏဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၆) ရက်တွင် ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ပေါ်တွင် လားရှိုးမြို့သို့ ပြန်သည့် စစ်ဘေးရှောင် ကားတစ်စီးမီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကျောက်တန်းလမ်းမှာ ကားမီးလောင်သွားတာ မနေ့က လားရှိုးပြန်တဲ့ကား‌ပေါ့။ တော်သေးတယ် လူက ဘာမှတော့မဖြစ်ဘူး။ ကားကတော့ တစ်စီးလုံးပြာကျသွားတယ်။ ဒီနောက်ပိုင်း ကားတွေက အဲ့ကျောက်တန်း လမ်းဘက်သွား တာများတယ်။အင်ဂျင်ကြောင့်ပေါ့ အတက်အရမ်းဆိုးတာတော့ မီးလောင်တာ။အဲ့လမ်းမှာ ကားမှောက်တာကလည်း မကြာခဏ ဖြစ်နေတာ။”ဟု‌ တောင်ကြီးကားသမားတစ်ဦးက ပြောသည်။ 

ဟိုပုံး-ကျောက်တန်း-ပင်လုံ ကားမီးလောင်

အဆိုပါ ကျောက်တန်းလမ်းမပေါ်တွင် လတိုင်းနီးပါး ကားကြီး၊ကားငယ် တိမ်းမှောက်မှုများဖြစ်ပွားနေသည့် အတွက်ကြောင့် ၎င်းလမ်းကို သုံးပြုမည့် ကားသမားအနေဖြင့် ကားသေချာစစ်ဆေးရန် နှင့် သတိထားသွားလာရန် တောင်ကြီးကားသမားတစ်ဦးက ဆက်ဆိုသည်။ 

“အဲ့လမ်းကိုသွားမယ်ဆိုရင်တော့ ကားက ကြံခိုင်မှုမရှိရင် မသွားလာဖို့၊ ကားကိုကုန်ပစ္စည်းတွေအရမ်းကြီး တင်ပြီးတော့လည်း မသွားကြစေချင်ဘူး။ အတက်အဆင်းအရမ်းကြီးတယ် ရွာတစ်ရွာနဲ့ တစ်ရွာက အရမ်းဝေး တော့ တခုခုဖြစ်ရင်အကူညီရဖို့မလွယ်ဘူး။ဘရိတ်တွေလည်း သေချာစစ်ဆေးဖို့လိုတယ်။ ရေလောင်းဖို့လည်း လိုတယ်။ဒီလမ်းက ကားမောင်ကျွမ်းတာမကျွမ်းတာနဲ့မဆိုင်ပါဘူး။”ဟု ၎င်းကပြောသည်။ 

မိုင်းပွန် – လွိုင်လင် လမ်းပိုင်းတွင် ပြည်ထောင်စုလမ်းမကြီပေါ်တွင် လမ်းပြုပြင်မှုများ ပြုလုပ်နေ သဖြင့် တွဲကားကြီးများ၊ကားငယ်များ ပိတ်ဆို့မှုဖြစ်ပွားလေ့ရှိသည့်အတွက် ယခုနောက်ပိုင်းတွင် ခရီးသယ်တင်ယာဉ်များသည် ကျောက်တန်းလမ်း ပို၍ အသုံးပြုသွားလာကြကြောင်း သိရသည်။ 

ယခုနှစ် ၂၀၂၅ ဇန်နဝါရီလမှစ၍ တောင်ကြီး – မိုင်းရှူး သွားသည့် လမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များသည် ပုံမှန်ထပ်ပို၍ စစ်ဆေးမှုများတင်းကြပ်နေကြောင်း သိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦးသေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် အမျိုးသားတစ်ဉီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( မေလ ၁၂ ရက် ) ညအချိန်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံးလမ်းပေါ်တွင်ကုန်တင်ထားသည့် Toyota Alphart အဖြူရောင်ယာဉ်အမျိုးတစ်စီး...

ရွာငံမြို့နယ် ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းကျ (၇) ဦးသေဆုံး၊ (၁၇) ဦးထိခိုက် စိုးရိမ်ရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းသို့ တိမ်းမှောက်ကျသွား၍ (၇) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နေ့လယ် ၂ နာရီဝန်းကျင် ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီးသည်...

မိုင်းရယ် – ကျေးသီးလမ်းတွင် ကားတစ်စီး တိမ်းမှောက်မီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်ထားသည့် မိုင်းရယ် - ကျေးသီး ကားလမ်းမကြီးတွင် ကားတစ်စီးတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇ )ရက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မိုင်းရယ် - ကျေးသီး ကားလမ်းမ ရှိ...

သီပေါမြို့နယ် မန်ဟဲကျေးရွာတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဟဲကျေးရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၆)ရက် ညနေ ၄ နာရီဝန်းကျင်တွင် အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဇန်နဝါရီ ၆) ညနေ ၄ နာရီဝန်းကျင်က အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး ဘီးကျွတ်ထွက်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...

ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာတွင် PNO စည်းရုံးရေး ကားတိမ်းမှောက် အမျိုးသမီး (၃)ဦး သေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ နယ် ဘန်းယဉ်ကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၂၂)ရက် ညနေ ၆နာရီဝန်းကျင်တွင် PNO ပါတီ မဲဆွယ်စည်းရုံးရေးကား တိမ်းမှောက်ကာ အမျိုးသမီး (၃) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ (PNO)...