Saturday, December 3, 2022

မိုင်းရယ် – ကျေးသီးလမ်းတွင် ကားတစ်စီး တိမ်းမှောက်မီးလောင်

Must read

သျှမ်းပြည်မြောက်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်ထားသည့် မိုင်းရယ် – ကျေးသီး ကားလမ်းမကြီးတွင် ကားတစ်စီးတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်း သိရသည်။

တန့်ယန်းမြို့နယ် ကားမီးလောင်

ယမန်နေ့ (စက်တင်ဘာ ၁၇ )ရက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မိုင်းရယ် – ကျေးသီး ကားလမ်းမ ရှိ မန်ဖြတ် ကျေးရွာအနီးတွင် ကားနှစ်စီးတိမ်းရှောင်ရာမှ လိုင်စင်ပါ Land Cruiser ကားအမျိုးအစားက တိမ်းမှောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“ကားနှစ်စီးလုံးက အမြန်နှုန်းနဲ့ မောင်းကြတာထင်တယ်၊ အဲ့နားမှာလည်း လမ်းကနည်းနည်းကွေ့တော့ အရှိန်မထိန်းနိုင်ပဲ မှောက်သွားတာ၊ Land Cruiser ကားအမျိုးအစား ဖြစ်တယ်၊ မီးညွန့်လည်း တအား ကြီးတယ်၊ ယာဥ်မောင်းကတော့ အချိန်မှီ ထွက်လာနိုင်ခဲ့တယ်” ဟု မြင်တွေ့ရသည့် ခရီးသွားပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တန့်ယန်း-မိုင်းရယ်ကားလမ်းပေါ် ကားမီးလောင်

အဆိုပါ ကားတိမ်းမှောက် မီးလောင်မှုကြောင့် ခရီးသွားပြည်သူ ကားသမားများက မီးညွန့် ကျိုးသည်အထိ ရပ်စောင့်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ ကားတိမ်းမှောက်မှု ဖြစ်ပွားသည့် လမ်းနေရာသည် ကျဉ်းမြောင်းသည့်အပြင် ကွေ့ကောက်သည့် နေရာလည်းဖြစ်သည့်အတွက် ကားသမားတိုင်း သတိထားရသည့် နေရာဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article