တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။

ထိုသို့ ပြည်သူများ မဖြစ်မနေ မဲသွားပေးရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှတဆင့် ခြိမ်းခြောက် ဖိအားပေးခဲ့သော်လည်း မဲပေးသူအရေအတွက် နည်းပါးကြောင်း ဒေသခံများက ပြောသည်။

“တန့်ယန်းမှာတော့ မဲသွားပေးတဲ့လူနည်းတယ်၊ ဆယ်အိမ်မှူး ရာအိမ်မှူးတို့ကို မလွန်ဆန်နိုင်လို့ သွားထည့်ကြတာလောက်ပဲ။ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း မဲရုံမှာ လူတွေ မဲလာမထည့်မှာစိုးလို့ အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးထားတာ။ ရပ်ကွက်ထဲ လော်စပီကာနဲ့ လိုက်အော်နေတာ မဲသွားပေးဖို့” ဟု တန့်ယန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်ပြုလုပ်နေသည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံး အသုံးပြုခြင်းကြောင့် မဲသွားပေးသည့် ဒေသခံများမှာ စက်ခလုတ်နှိပ်ရန် ခက်ခဲခြင်း၊ မသိ နားမလည်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း တန့်ယန်းဒေသခံများထံမှ သိရသည်။

တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ‘ဝ’အမျိုးသားပါတီ (WNP) သုံးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲရုံစုစုပေါင်း (၆၇) ရုံ ရှိကာ မဲဆန္ဒရှင်ပြည်သူ (၈၅၀၅၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ထုတ်ပြန်ထားသည်။

“ကြိုတင်မဲနဲ့ နိုင်မှာတော့ ကြံ့ခိုင်ရေးပဲ ဖြစ်လောက်မှာ။ ဘာလို့လဲဆိုတော့ စစ်တပ်က သူတို့ဖွဲ့စည်းပုံအတိုင်း ကြိုတင်မဲယူလာရင် တကယ် ရှိ မရှိ သွားစစ်လို့ မရဘူးလေ။ တချို့တပ်ဆိုရင် အခွံပဲ ရှိလည်း မဲအပြည့်ယူလာနိုင်တာပဲ၊ နောက်ပြီး လှုပ်ရှားအင်အား ဆိုတာနဲ့ တပ်အပြောင်းအရွှေ့ စာရင်းလည်း ရွေး/ကော် ဆီကို စာရင်းထပ်တင်ဦးမှာ” ဟု တန့်ယန်းမြို့နယ်မှ အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

ယင်းမတိုင်မီ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို စတင်ထည့်ခိုင်းခဲ့ရာ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တန့်ယန်းဒေသခံများထံမှ သိရသည်။

အကယ်၍ ရွေးကောက်ပွဲကျင်းပပြီးနောက် ဆန္ဒမဲ ရေတွက်ရာတွင် နိုင်ငံရေးပါတီများမှ မဲအရေအတွက် မတိမ်းမယိမ်း ရရှိပါက ရပ်ကွက်အတွင်း မဲပေးခဲ့သူနှင့် မဲမပေးသူများကို ပြန်လည်စစ်ဆေးသွားမည်ဟု ဆိုသည်။

အလားတူ မိုင်းရယ်မြို့နယ်တွင်လည်း ရွေးကောက်ပွဲရက် မြို့တွင်းသွားလာမှု နည်းပါးပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ်ကြား လမ်းမကြီးဘေးရှိ ကျေးရွာများမှာ ဇန်နဝါရီလ ဒုတိယပတ်တွင် ကြိုတင်မဲပေးခဲ့ရကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ဒီနေ့တော့ မြို့ထဲမှာ အသွားအလာ နည်းနေတယ်။ တချို့လည်း အရင်ရက်က ဆျန်တောမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ ကြောက်လို့လည်း ပါမယ်။ ရွာဘက်မှာလည်း မဲထည့်ရတာ နည်းတယ်။ ဒီတစ်ခေါက်က မိုင်းရယ်မြို့နယ် တစ်ခြမ်းပဲ ရွေးကောက်ပွဲ လုပ်နိုင်တယ်။ အခု ကိုးကန့်တွေ ထိန်းထားတဲ့ ဘက်ခြမ်းကျတော့ ကြိုတင်မဲထည့်ရတာလည်း ဥပဒေနဲ့ မညီတာမျိုး တွေ့နေရတယ်” ဟု မိုင်းရယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို ဇန်နဝါရီလ (၉) ရက်နေ့က မိုင်းရယ်မြို့နယ်တွင် စစ်ကော်မရှင်တပ်ဘက်မှ ကျားဖြန့်နေရာဟု ယူဆရသည့် နေရာကို ဂျက်ဖိုက်တာ လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မဲသွားပေးရန် စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တန့်ယန်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း စစ်ကော်မရှင် သဘောတူညီမှုဖြင့် ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်တပ်စွဲထားပြီး မိုင်းရယ်မြို့နယ်တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA လည်း အလားတူ ဝင်ရောက်တပ်စွဲခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...