MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား ကွတ်ခိုင်နှင့် သိန္နီမြို့နယ်တွင် တစ်လကြာ နှစ်ဘက် စစ်ရေး တင်းမာမှု ဖြစ်ပွားနေသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၎င်းထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ အေးရှားဝေါလ် တိုးဂိတ်တွင် ကွတ်ခိုင်မြို့ဘက်သို့ စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ စသည့် ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် ရက်အတော်ကြာ ပိတ်ပင်ထားခဲ့သည်။

ထိုကဲ့သို့ နှစ်ဘက်စစ်ရေး တင်းမာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ခြင်းများကြောင့် ကွတ်ခိုင်မြို့နယ်တွင် စားသောက်ကုန်နှင့် စက်သုံးဆီ စသည့် ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားသောက်ကုန်တွေ လုံးဝ ပေးမဖြတ်တော့ ဈေးထိုးတက်သွားတာ။ စက်သုံးဆီလည်း ဈေးတက်တယ်၊ ဆန်ကလည်း ပုံမှန်ဈေးထက် ၁ သိန်းဝန်းကျင်လောက် ဈေးနှုန်းတွေ တက်လာတယ်။ ပြည်သူတွေကတော့ အခုချိန်မှာ အကုန် အခက်အခဲတွေ ဖြစ်နေတာပေါ့။ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တုန်းကတောင် အခြေအနေက ဒီလောက်မဆိုးဘူး”ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ယခင်က ဆန်အိတ်ကြီး တစ်အိတ်လျှင် တစ်သိန်း ငါးသောင်းကျပ် ဝန်းကျင်ခန့် ရှိပြီး လက်ရှိတွင် ဆန်အိတ်ကြီး တစ်အိတ်လျှင် နှစ်သိန်း ခြောက်သောင်း ကျပ်ဝန်းကျင် အထိရှိနေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုကြား ကွတ်ခိုင်မြို့နယ်သို့ စက်သုံးဆီတင်ပို့ခြင်းကိုပါ MNDAA ဘက်မှ တားမြစ်ထားခြင်းကြောင့် လက်ရှိ စက်သုံးဆီ ဓာတ်ဆီတစ်လီတာလျှင် ရှစ်ထောင်ကျပ် ဝန်းကျင် အထိရှိနေကြောင်း သိရသည်။

TNLA နှင့် MNDAA ကြား နှစ်ဖက်စစ်ရေး ပဋိပက္ခများ ပြေလည်မှု မရရှိသေးဘဲ မြေပြင်စစ်ရေး တင်းမာမှုကြောင့် ကွတ်ခိုင်ဒေသခံများလည်း စားဝတ်နေရေးအတွက် ပို၍ အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ပြည်သူတွေက ကြားထဲကနေ အမျိုးမျိုး ခံနေရတာ၊ ကျနော်တို့ ဘဝက မြေစာပင်လို ဖြစ်နေတာ။ သူတို့ ဘယ်သူနဲ့ တိုက်တိုက် ဘယ်လိုလုပ်လုပ် ပြည်သူပဲ ခံနေရတာ။ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ တော်တော်ကို ကံဆိုးတယ်။ အခုက ဘာကိုကြောက်လို့ ကြောက်ရမလဲကို မသိဘူးဖြစ်နေတာ”ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် နမ္မတူ၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့များတွင်လည်း ဆန်နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယခု ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပြဿနာကို ကူညီဖြေရှင်းပေးရန် ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထံသို့ TNLA ဘက်မှ ဖေဖော်ဝါရီလအတွင်း စာပေးပို့ တောင်းဆိုခဲ့သည်။

MNDAA နှင့် TNLA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မြေပြင်စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွားနေပြီး မဟာမိတ်တပ်အချင်းချင်း အပြိုင်အဆိုင် စစ်အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...