သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲများကြောင့် ရပ်နားထားခဲ့ရသည်။

သို့သော် ယခုအခါ တရုတ်ကိုယ်စားလှယ်အဖွဲ့များက မြေပြင်တွင် အမှန်တကယ် နယ်မြေစိုးမိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက် ထိတွေ့ ညှိနှိုင်းမှုများ စတင်လာခဲ့သည်။

ပြီးခဲ့သည့် (ဧပြီလ ၁၃ ရက်)က တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီအပါအဝင် UWSA၊ MNDAA နှင့် SSPP တို့ကို လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။

အလားတူ အာရက္ခတပ်တော် (AA) ကိုလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့က မကြာမီတွင် သီးခြားတွေ့ဆုံသွားရန် ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ပါဝင်ခဲ့သော အဖွဲ့များကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယခင်က တရုတ်နိုင်ငံသည် နေပြည်တော်ရှိ အစိုးရနှင့်သာ စီမံကိန်းများကို ဆွေးနွေးလေ့ရှိသော်လည်း ယခုအခါ သျှမ်းမြောက်တွင် နယ်မြေစိုးမိုးမှု အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံလာခြင်း ဖြစ်ကြောင်း ISP-Myanmar China Studies က သုံးသပ်သည်။

“တရုတ်နဲ့ နယ်စပ်က EAOs တွေကို ဆက်ဆံပုံက Frontier managment ဆန်ပါတယ်။ အရင်ကလည်း စီမံကိန်းတွေလုပ်ဖို့လိုအပ်တဲ့အခါ လုံခြုံရေးဆိုင်ရာအာမခံ ချက်လိုတဲ့အခါမှာ တွေ့ဆုံပြောတာမျိုး ကလုပ်နေကြပါပဲ” ဟု ISP-Myanmar အဖွဲ့မှ China Studies Head ဖြစ်သူ Nan Lwin က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်းရှိ စီးပွားရေးစင်္ကြံနှင့် ကုန်သွယ်ရေးလမ်းကြောင်း အများစုကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ရထားလမ်း ဖြတ်သန်းမည့် သျှမ်းမြောက်ဒေသ နေရာအများစုကို တအာင်းတပ် (TNLA) မှ ထိန်းချုပ်ထားသည်။

အဆိုပါစီမံကိန်း လုံခြုံရေးအတွက် တရုတ်ဘက်မှ TNLA ကို မည်သို့ တောင်းဆိုထားကြောင်း သိရှိရန် TNLA ၏ ပြန်ကြားရေးဌာနကို သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားရှင်းမရှိပေ။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သမ္မတတာဝန်ယူပြီးနောက်ပိုင်း တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို ယခုနှစ်အတွင်း အကောက်အထည်ဖော်ရန် ပြောဆိုထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အိပ်မက်ဖြစ်သော ခေတ်သစ်ပိုးလမ်းမကြီး (BRI) တစ်စိတ်တစ်ပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာလ ၂၉ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ရှုပ်ထွေးသည့် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ၏ အဓိကအခြေခံအကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ CMEC နှင့် BRI တို့ကြောင့်ဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ထောက်ပြလိုက်သည်။

“တရုတ်ရဲ့ လွှမ်းမိုးမှု၊ အမိန့်ပေးမှု၊ လုပ်ဆောင်စေမှုတွေက အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ကျွန်တော်တို့ ပြောရမှာပေါ့။ ကိုးကန့်နဲ့ TNLA ကတော့ အဓိက အခန်းကဏ္ဍက ပါဝင်တာပေါ့နော်။ နောက်ပြီး UWSA ကလည်း တရုတ်ရဲ့ တကယ့်တပည့်ကျော်ဆိုတော့၊ နောက်ပြီး NDAA တို့ မိုင်းလားကတော့ ဒုတိယတပည့်ကျော်ပေါ့” ဟု သျှမ်းသံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင် စိုင်းဝမ်းစိုင်းက ပြောဆိုထားသည်။

တရုတ်နိုင်ငံသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အစိုးရချင်း ဆက်ဆံရေး အနေအထားတွင် ဆက်လက်ထားရှိခြင်းမှာ ၎င်း၏ မဟာဗျူဟာမြောက် စီမံကိန်းများကို တရားဝင်မှု ရှိရှိ အကောင်အထည်ဖော်ရန်အတွက် ဖြစ်ကြောင်း ဆိုသည်။
“မင်းအောင်လှိုင်ကို G to G အနေအထားမှာ ထားထားပြီးတော့၊ EAO တွေနဲ့ မင်းအောင်လှိုင်ကို တရုတ်က ညွှန်ကြားထားတဲ့အတိုင်း လုပ်ဖို့အတွက် ပြင်ဆင်နေတာဖြစ်တယ်” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သုံးသပ်သည်။

တရုတ်သည် စစ်ကောင်စီကို နိုင်ငံတော်အဆင့် သဘောတူညီချက်များအတွက် အသုံးချပြီး၊ မြေပြင်တွင် လမ်းကြောင်းပွင့်စေရန်အတွက်မူ ၎င်း၏ တပည့်ကျော်များကို အသုံးချကာ ညှိနှိုင်းစေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်ရန် ဆက်လက် အကောင်အထည်ဖော်ရေး အရိပ်အမြွက် ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...