မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။

ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် မိုင်းရယ်မြို့နယ် ရှန်တော်ကျေးရွာ အနီးရှိ ကျားဖြန့်ရုံဟောင်းဟု ထင်ရသည့် နေရာကို စစ်ကော်မရှင်တပ်ဖွဲ့ က ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်လောက်က လေယာဉ် နှစ်စီးနဲ့ လာကြဲသွားတာ။ နေရာကတော့ တောထဲလောက်ပဲ။ ကျားဖြန့်ရုံဟောင်း လို့တော့ သိထားရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေ ရှိ မရှိတော့ သေချာ မသိရသေးဘူး။ ဘာကြောင့် ကြဲလဲဆိုတော့ မသိရဘူး။”ဟု ၎င်းကပြောသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ နှင့် သေဆုံးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

အဆိုပါ စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့သည့်နေရာသည် မိုင်းရယ်မြို့ မှ ၃ နာရီခန့်သာ ကားဖြင့်မောင်းနှင် ရောက်ရှိသည့် နေရာဖြစ်သည်။

ရှန်တော်ရွာသည် မိုင်းရယ်မြို့နယ် နှင့် သီ‌ပေါမြို့နယ်ကြားဖြစ်ပြီး စစ်ကော်မရှင်တပ် ၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...