သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ ယာဉ်တိမ်းမှောက်ခဲ့ပြီး သီလရှင် (၁၀)ပါးထက် မနည်းဒဏ်ရာရပြီး ထိုထဲမှ ငါးဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သွားရောက်ကူညီသည့် အမျိုးသားတစ်ဉီးက ပြောသည်။

“မနေ့က ကျမတို့လည်း မန္တလေးဆင်းတာ အဲလမ်းမှာ သီလရှင်တွေ အများကြီးပဲ ကားမှောက်လို့တဲ့ ၊ဖုန်းလိုင်းကလည်း မရဘူး၊ တစ်ပါးကလည်း ခြေထောက်ပြတ်ကျသွားတာ၊ သီလရှင်တွေက ၁၂ နှစ်အရွယ်လေးတွေ သူတို့စာရွက်ထဲမှာ မိဘ ဖုန်းနံပါတ်တွေ ရေးလာကြတာ၊ ကျမကို ခေါ်ခိုင်းတာ ဖုန်းလိုင်း မရတော့ ခေါ်မရလို့ ကျမကိုယ်တိုင် ရွာငံ ဆေးရုံလိုက်ပို့ခဲ့တာ။”ဟု ၎င်းကပြောသည်။

အဆိုပါ သီလရှင်များကို စစ်ကိုင်းမြို့မှ ဘုန်းကြီးကျောင်းသို့သွားရောက်စာသင်ရန်အတွက် တောင်ကြီးမြို့နယ် ၊ဆီဆိုင်၊ ဟိုပုံးဘက်မှ သီလရှင်များကို ခေါ်ယူလာကြောင်း ၎င်းက ဆက်ပြောသည်။

ဒဏ်ရာပြင်းထန်သော သီလရှင် ငါးပါးကို ယမန်နေ့ည ၉နာရီခွဲ အချိန်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ထိုသို့ ယာဉ်တိမ်းမှောက်၍ ဒဏ်ရာပြင်းထန်သည့် သီလရှင်နှင့် ကိုယ်ရင် များသည် မြန်မာစကားကို ကောင်းမွန်စွာ မပြောနိုင်ဘဲ မိခင်ဘာသာစကား ဖြစ်သည့် ရှမ်း၊ ပအိုဝ်းနှင့် တအာင်း ဘာသာ စကားကိုသာ ပြောနိုင်ကြကြောင်း သိရသည်။

“သူတို့မိဘတွေကို မေးတာ မြန်မာစကား မတတ်တော့ မသိရဘူး၊ အိမ်ပြန်ချင်တယ် ဆိုပြီး အော်ငိုနေကြတာ အဲတစ်လုံးပဲတတ်တာ၊ ကလေးတွေက ပိစိလေးတွေဆိုတော့ သနားစရာလေးတွေ သူတို့ကို သီလရှင်ဝတ်ပေးပြီး စစ်ကိုင်းက ဘုန်းကြီးထဲ ထည့်ပေးလိုက်တာတဲ့ စစ်ရှောင်နေရတော့ စားဝတ်နေရေး ခက်ခဲလို့ ဖြစ်မယ်။”ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ သီလရှင်များနှင့် ကိုယ်ရင်လေးများသည် မိဘများနှင့် အဆက်သွယ်မရသေးကြောင်းနှင့် အကူညီများလိုအပ်နေပြီး ရှမ်း၊ပအိုဝ်း၊တအာင်းနှင့် ဓနုစကား တတ်သူများက အဆိုပါ သီလရှင်များကို ဆက်သွယ်ကာ အကူညီပေးစေလိုကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

နွေရာသီကျောင်းပိတ်ချိန် ဖြစ်သောကြောင့် သျှမ်းပြည်မှ ကျောင်းသား ၊ကျောင်းသူများကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းဘက်မှ ဘုန်းကြီးများက ကလေးများကို ပညာသင်ကြားပေးမည်ဟူ၍ လာရောက်ခေါ်ဆောင်လေ့ ရှိကြောင်း ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ခေတ်ကာလ အခြေနေ မကောင်းသောကြောင့် လူကုန်ကူးသူများ လက်ထဲရောက်သွား တတ်သောကြောင့် မိဘများမှ ကလေးများကို လက်လွတ်စပယ် မထည့်ပေးလိုက်သင့်ကြောင်း အဆိုပါ အမျိုးသားက အကြံပေးထားသည်။

ရွာငံ-မန္တလေး လမ်းသည် မတ်စောက်ပြီး အဆင်းအတက်၊ကွေ့များ မှာလွန်စွာ အန္တရာယ်ရှိသောကြောင့် ထိုစခန်းကြီး ကျေးရွာအဆင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ကြုံတွေ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ

0
သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို...