စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ ပြန်မလွှတ်သေးဘဲ သတင်းအစန မရရှိသေးကြောင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာ ဒေသခံများ ပြောပြချက်အရသိရသည်။

ထိုသို့ စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသော ‌ဒေသခံ(၃)ဦးသည် အသက် (၃၀)ဝန်းကျင် လူငယ် အမျိုးသားများ ဖြစ်ကြပြီး နေ့စားလုပ်ကိုင်ကာ မိသားစုဝမ်းရေးကို ရှာဖွေကျွေးမွေးနေသူများ ဖြစ်ကြောင်း ဒေသခံအမျိုးသား တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဖမ်းသွားတာ နှစ်ပတ်ရှိပြီ၊ ခုထိ ပြန်မလွှတ်သေးဘူး ၊သတင်းအစနလည်း မရဘူး၊ စစ်မှုထမ်းရောင်းစား လိုက်ပြီလို့လည်း ကြားတယ်၊ တကယ်ဆို အဆက်သွယ်ရသင့်ပြီ၊ ဒီဘက်က စိတ်ပူနေတာ အသက်ရှင်လျက် ပြန်တွေ့ဖို့ပဲ ဆုတောင်းမိတယ်။”ဟု ၎င်းက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် သိမ်ကုန်း‌ကျေးရွာအုပ်စု အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရရှိသေးပေ။

ထို့အပြင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စုနှင့် ကျောတော ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က တပ်စွဲထားပြီး အရပ်သားများကို တော်လှန်ရေးတပ်သားများကို ထောက်ပံ့နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

“ ခုတလော စစ်တပ်က ရွာသားတွေကို လာလာဖမ်းတယ်၊ တစ်ပတ်လောက်နေပြီး ပြန်လွှတ်တယ်၊ ဖမ်းခံရတဲ့ အတောတွင်းမှာ ရိုက်နှက်ထားတာ ရစရာကို မရှိဘူး၊ ခြေထောက်တွေဆို ညိုမဲစွဲသွားတာ၊ လမ်းလျှောက်လို့တောင် မရဘူး၊ တော်လှန်ရေးတပ်ကို ထောက်ပို့လုပ်နေတာလား ဘာလားမေးပြီး ရိုက်တာတဲ့၊ တကယ် စိတ်ရော လူရောလုံခြုံမှုမရှိနေဘူး။”ဟု ကျောက်တော ကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ မကြာခဏထိတွေ့မှု ဖြစ်နေသောကြောင့် ဒေသတွင်း မငြိမ်မသက်ဖြစ်နေပြီး စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအစောပိုင်းမှ စပြီးကျောက်ငှက် ကျေးရွာအုပ်စုနှင့် ရနဲကျေးရွာ အုပ်စုဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် တပ်စွဲထားပြီး ဒေသခံများကို ညဘက်ကင်းလှည့်စောင့်ကြည့်ခြင်၊ ထမင်းထုတ်ပို့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...