ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဇူလိုင်လ (၂၄) ရက် မှ စပြီး ယနေ့ ဇူလိုင်လ ( ၂၇ ) နေ့အထိ စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ကျောက်ငှက်ကျေးရွာနှင့် ဆင်ဆာပြားကျေးရွာသို့ ဝင်ရောက် တပ်စွဲနေထိုင်နေကြသည်။

ထို့ပြင် ကျောက်ငှက်ကျေးရွာမှ ရွာသားများကို ဖမ်းဆီးရိုက်နှက်၍ ဘုန်းကြီးကျောင်းအတွင်းသို့ ပိတ်လှောင်ထား ရကြောင်း ထွက်ပြေးလာသည့် ဒေသခံ အမျိုးသမီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာသားတချို့က ထွက်ပြေးကုန်တယ်၊ ဖမ်းမိတဲ့ ရွာသားတွေကိုတော့ ရိုက်နှက်ပြီး ဘုန်းကြီးကျောင်း သိမ်ထဲမှာ ပိတ်လှောင်ထားတယ်၊ တချို့ကိုတော့ ဘယ်ခေါ်သွားလဲ မသိဘူး၊တရွာလုံး က ယောကျာ်းလေး အကုန်ပြေး လူငယ်တွေကို အကုန်ဖမ်း၊ အမျိုးသမီးတွေလည်း ဖမ်းပြီး ရိုက်နှက်ခံနေရတယ်၊ ရွာအခြေနေမကောင်းဘူး။”ဟု ၎င်းကပြောသည်။

စစ်ကော်မရှင်တပ် စစ်ကြောင်းသည် အင်အား (၃၀၀) နီးပါးဖြင့် ကျောက်ငှက်ကျေးရွာနှင့် ဆင်ဆာပြား ကျေးရွာသို့ ဝင်ရောက် စီးနင်းနေသောကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းအမျိုးသမီး ပြောသည်။

အလားတူ ဆင်ဆာပြားကျေးရွာတွင်လည်း စစ်ကော်မရှင်တပ်က ရွာသူ၊ရွာသား များ နေအိမ်သို့ ဝင်ရောက် စီးနင်း ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် လုံခြုံမှု မရှိတော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည။

ဆက်လက်ပြီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား အပြန်အလှန် စစ်ရေးတင်းမာမှု ဖြစ်နေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်မည်ကို စိုးရိမ်သောကြောင့် အချို့ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။

“ကြိုရှောင်ထားရင် ပိုပြီး အန္တရာယ်ကင်းမယ် ထင်လို့ ဘာမှမယူဘဲ ကလေးတွေခေါ်ပြီး ထွက်ပြေးလာခဲ့တယ်၊ စစ်သားတွေ ရွာထဲရောက်မှ ထွက်ရင် မရတော့ဘူး သူတို့က ပေးထွက်မှာ မဟုတ်လောက်ဘူး၊ နေစရာကတော့ အမျိုးအိမ်မှာ ခဏ နေတယ်။ ဒီလို အခြေနေ အချိန်ကြာကြီး ဖြစ်ရင် ဘယ်မှာ ရှောင်တိမ်းရမလဲတောင် မသိဘူး။” ဟု စစ်ဘေးရှောင်လာသူ အသက် (၄၀) ဝန်းကျင် အမျိုးသမီးက ပြောသည်။

စစ်ကော်မရှင်တပ်သားများက ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး အချို့သော ရွာသားများကို စစ်ကြောင်းထဲသို့ ခေါ်၍ လူသားဒိုင်းအဖြစ် အသုံးပြုနေမှုများလည်း ရှိကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ (၁၉) ရက်နေ့တွင် စစ်ကော်မရှင်တပ်က အုတ်တွင်းကျေးရွာမှ ဒေသခံ (၈)ဦးခန့် ဖမ်းဆီးသွားခဲ့သည်။

ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ် ၊ စစ်ကော်မရှင်တပ် လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားမှုရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...