စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ အောင်ပန်းမြို့တွင်နေထိုင်သည့် လူငယ်တဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ညနေလောက်ဆိုရင် အပြင်သွားရင် သတိနဲ့သွားနေရတယ်။ညဆိုရင်လည်း သိပ်မထွက်ရဲဘူး။ ပေါ်တာဆွဲတာက ပေါ်တင်ဖြစ်နေတယ်။အိမ်ပတ်ဝန်းကျင်လောက်ပဲသွားတော့တယ်။ ညဆိုရင် အဝေးကြီးသွားတာ ဆိုင်ထိုင်တာ မလုပ်ရဲဘူး” ဟု ၎င်းလူငယ်က ဆိုသည်။

ယခုရက်ပိုင်း မြို့ကြီးများတွင် နေ့ခင်း လူသွားလာများသည့် နေရာများတွင်လည်း အရပ်ဝတ်ဖြင့် ပေါ်တာဆွဲနေခြင်းရှိသကဲ့သို့ အချို့လည်း စစ်ကော်မရှင် တပ်သားဟန်ဆောင်ပြီး လူငယ်များကို ဖမ်းဆီးခြင်းပြုလုပ်နေကြောင်း တောင်ကြီးမြို့ ပေါ်တွင်နေထိုင်သည့် လူငယ်များကပြောသည်။

“ရန်ကုန်လို မြို့ကြီးမှာတောင် နေ့လယ်ပိုင်း လူမြင်ကွင်းမှာ အရပ်ဝတ်နဲ့ ပေါ်တင်ဖမ်းနေတာ၊ နောက် တာချီလိတ်ဘက်မှာလည်း အရပ်ဝတ်နဲ့ စစ်သားဟန်ဆောင်ဖမ်းတာရှိတယ်လေ။ ဒီသတင်းတွေကြောင်း အခု အပြင်သွားရမှာ ခပ်လန့်လန့်ပဲ” ဟု တောင်ကြီးမြို့နေ လူငယ်တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ကြောင့် ယခုနောက်ပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းကိစ္စသည် ကြိုတင် မသိရှိနိုင်ကြောင်း၊ အသွားအလာသတိရှိရန်နှင့် ကျောင်းသားများကိုလည်း ဖမ်းဆီးနေသည့်အတွက် လူငယ်များ ကျောင်းသွားရမည်ကို ကြောက်နေရကြောင်း ၎င်းက ဆိုပြန်သည်။

“ပေါ်တာဆွဲတာက ဘယ်လိုဆွဲမလဲ၊ ဘယ်လိုလာဖမ်းမလဲဆိုတာ မသိနိုင်တော့ သွားအလာ သတိနဲ့ပဲ နေနေရတာ။ကျောင်းသားမကလို့ ဘာပဲဖြစ်နေဖြစ်နေ ပေါ်တာက ဆွဲတာပဲ၊အရပ်ဝတ်နဲ့ ဆွဲတာမျိုးလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ပေါ်တာဆွဲခံရမည်ကို စိုးရိမ်မှုများကြောင့် လူငယ်များအနေဖြင့် ညဘက်သွားလာမှုကို ကန့်သတ်လာကြပြီး မြို့တွင်းလူသွားလူလာများလည်း လျော့နည်းလာကြောင်း တောင်ကြီးမြို့နေ ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် လက်ရှိ စစ်မှုထမ်းသင်တန်းအပတ်စဉ်တခုလျှင် လူငယ် ၅,၀၀၀ ခန့် ခေါ်ယူကြောင်း သိရသည်။

ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည့် စစ်မှုထမ်းအပတ်စဉ် (၂၇) အတွက် လူအင်အား အချိန်မီ မစုဆောင်းနိုင်သဖြင့် သင်တန်းဖွင့်လှစ်ရက် နောက်ဆုတ်ခဲ့ရပြီး ဩဂုတ်လ ၃ ရက်မှသာ သင်တန်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်မှုထမ်းအပတ်စဉ် (၂၈) အတွက် လူအင်အားကို ကြိုတင်စုဆောင်းထားရန် နေပြည်တော် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များထံ ညွှန်ကြားထားပြီး ညွှန်ကြားချက်ကို မလိုက်နာပါက အရေးယူဆောင်ရွက်ရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ယမန်နေ့ (စက်တင်ဘာ ၇ ရက်က) ကျင်းပခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...