ရွာငံမြို့နယ် စစ်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျောက်ငှက်ကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသည် ဆွေအမျိုးအိမ်သို့ အလည်သွားရာမှ အပြန် ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာ လမ်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ်သိန်း(၅၀)ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ငွေကြေးဖြင့် ပြန်ရွေးရာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသာ သာပြန်လည် လွတ်မြောက်လာပြီး ကျန်သုံးဦးမှာ စစ်မှုထမ်းရန်အတွက် ရှေ့တန်းပို့လိုက်ကြောင်း ဖြစ်စဉ်သိရှိသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ဟိုဘက်ရွာက သူတို့အမျိုးအိမ်ကို သွားလည်ပြီး အပြန်မှာ ဖမ်းခံရတာ၊ ညနေဘက်ဆိုတော့ စစ်သားတွေကင်းလှည့်တာ အဲတာနဲ့တွေ့တော့ အဖမ်းခံရတာ၊ သိန်း ၅၀နဲ့ ရွာငံမှာ သွားရွေးခဲ့ရတာ အဲဒါတောင် နှစ်ယောက်ပဲလွတ်တာ၊ ကျန်တဲ့သူကို စစ်သင်တန်းပို့လိုက်ပြီ လို့ စစ်တပ်က ပြောလိုက်တာတဲ့။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် အသက် (၃၀)ဝန်းကျင် အမျိုးသားများဖြစ်ပြီး နေ့စားလုပ်ကိုင်ပြီး မိသားစုကို ရှာကျွေးနေသူများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် သိမ်ကုန်းကျေးရွာအုပ်စုမှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်တပ်မှ လာရောက်ဖမ်းဆီးသွားပြီး ယနေ့အထိ အဆက်သွယ်မရသေးကြောင်း သိရသည်။

“ဘာလို့လာဖမ်းသွားလဲ မသိဘူး၊ညဘက်ကြီး စစ်သားတွေ ကားနဲ့လာဝိုင်းပြီး ဖမ်းသွားတာ၊ ခုထိတော့ အဆက်သွယ်မရသေးဘူး၊ ဘာလို့ဖမ်းတာလဲ မသိဘူး။”ဟု ရွာငံဒေသခံ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သား များသည် ရွာငံမြို့နယ် ကျေးရွာအုပ်စုများတွင် တပ်စွဲထားပြီး ညဘက်ကင်းလှည့် စောင့်ကြည့်ခြင်း၊ ထမင်းထုတ်ပို့ခိုင်းနေကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ မကြာခဏထိတွေ့မှု ဖြစ်နေသောကြောင့် ဒေသတွင်း မငြိမ်မသက်ဖြစ်နေပြီး စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈)ရက်တွင်လည်း ရွာငံမြို့နယ် ကျောက်ငှက်-အုတ်တွင်းကျေးရွာ လမ်းပိုင်းတွင် ကင်းလှည့်နေသော စစ်ကော်မရှင်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်မှ ဗိုလ်(၁)ဦးအပါဝင် (၁၀)ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...