တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ကရင်နီပြည်မှ စစ်ရှောင်များ ထောင်ချီ ထွက်ပြေးခဲ့ရသည်။

ထိုမိုးဗြဲ၊ ဖယ်ခုံနှင့် ဒီမောဆို့ဘက်ခြမ်းမှ စစ်ရှောင်များသည့် တောင်ကြီးမြို့နယ်အတွင်း လာရောက်ခိုလှုံနေရသည်။

ထို စစ်ရှောင်များကို စစ်ကော်မရှင်တပ်က နေရပ်ပြန်လာရန် ဖိအားပေးနေပြီး နေရပ်မပြန်လျှင် အိမ်နှင့်ခြံများ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းမည်ဟု ခြိမ်းခြောက်သောကြောင့် နေရပ်ပြန်နေသူများရှိကြောင်း တောင်ကြီးရောက် စစ်ရှောင်များက ပြောသည်။​

“နေရပ်ပြန်လာကြဖို့ အတင်းဖိအားပေးတယ်၊ ပြန်သွားရင်လည်း လုံခြုံရေးက သူတို့မှ တာဝန်မယူပေးနိုင်တာ အိမ်တွေလည်း မရှိတော့ဘူး။ ပြန်သွားရင်လည်း ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာပဲ နေခိုင်းတယ်၊ အိမ်ခြံမြေတွေ သိမ်းမှာ ကြောက်လို့သာ ပြန်ကြတာ အဆင်မပြေဘူး၊”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ရှောင်များ နေရပ်ပြန်လျှင် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ်နေရပြီး စစ်ကော်မရှင်တပ်က ဦးဆောင်၍ ရှင်းလင်းပေးမှုများ မလုပ်ပေးသောကြောင့် တချို့သော စစ်ရှောင်များ နေရပ်မပြန်ရဲသေးကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

တောင်ကြီးမြို့နယ်တွင် လာရောက်စစ်ရှောင်နေကြသော စစ်ရှောင်များသည် အလုပ်ကိုင်အခွင့်လမ်းရှားပါးခြင်းနှင့် အိမ်ငှားခဈေးကြီးသောကြောင့် အခက်ခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း အသက် ၅၀ အရွယ်ရှိ စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အလုပ်ကလည်း ကြုံရာကျပန်းလုပ်ရတယ်၊ လုပ်ခက မြို့ပေါ်လူတွေရဲ့ တစ်ဝက်ပဲ ရတယ်၊ တခြားသူ နှစ်သောင်းကျပ်ဆို ကျနော်တို့ စစ်ရှောင်ကိုဆို တစ်သောင်းကျပ်ပဲ ပေးတယ်၊ အိမ်မပြန်ရတာ လေးနှစ်ရှိပြီ ပြန်ချင်တာပေါ့ ပြန်လို့ အဆင်မပြေသေးလို့ နေရတာ၊ အိမ်ငှားခက အနည်းဆုံး ငါးသိန်းကျပ်ရှိတယ်၊စားဖို့ နေဖို့ ရုန်းကန်နေရတာပေါ့။”ဟု ၎င်းကဆိုသည်။

စစ်ကော်မရှင်တပ်က စစ်ရှောင်များကို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခြင်းသည် လူသားဒိုင်းအဖြစ်အသုံးချလိုခြင်း၊ တဖက်တွင်လည်း နယ်မြေအေးချမ်းသည်ပုံကိုဖော်ပြလိုခြင်းဖြစ်ကြောင်း စစ်ရှောင်များက ထင်မြင်ချက်အနေဖြင့်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့နှင့် ဘော်လခဲမြို့ မှ စစ်ရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးသောကြောင့် စစ်ရှောင်အချို့ ပြန်နေထိုင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...