Wednesday, January 28, 2026

မိုင်းနောင်မြို့နယ် အတွင်း ယာဉ်တိမ်းမှောက်မှုဖြစ် အမျိုးသမီး ၄ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင် မြို့နယ် အတွင်း ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ အမျိုးသမီး ၄ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by မိုင်းနောင်မြို့ နမ့်ခုံး ပရဟိတ အသင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများကို သဂြိုလ်မည့်ပုံ

ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်း ၄ နာရီ ဝန်းကျင်တွင် ခိုလမ်မြို့ ရှိ ရေပူစမ်းသွားပြီး အပြန် မိုင်းနောင် -မိုင်းနန်း ကျေးရွာ အုပ်စု ကားလမ်းပေါ်တွင် ယာဉ် တိမ်းမှောက်မှုဖြစ်ခဲ့သည်။

ထို ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၄ဦး သေဆုံးခဲ့ကာ ၊ ဒဏ်ရာရရှိသူ ၆ဦးရှိကြောင်း မိုင်းနောင်မြို့ နမ့်ခုံးပရဟိ အသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ အသက်ကြီးတဲ့ အဘွား ၂ ယောက် နဲ့ အသက် ၁၀ နှစ် နဲ့ ၁၁ နှစ် အရွယ် မိန်းကလေး ၂ယောက် ဆုံးသွားတယ်။ ဒဏ်ရာရသူတွေ ကိုတော့ လွိုင်လင်ဆေးရုံကိုပို့ထားရတယ်” ဟု နမ့်ခုံး ပရဟိတ အသင်း မှ တာဝန်ခံ အမျိုးသမီး က ဆိုသည်။

Photo by မိုင်းနောင်မြို့ နမ့်ခုံး ပရဟိတ အသင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများကို သဂြိုလ်မည့်ပုံ

သေဆုံးသူများကို ဖေဖော်ဝါရီ ၁၆ ရက်တွင် မီးသဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

လက်ရှိ ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာရသည့် သူ ၆ ဦး မှာ လွိုင်လင်ဆေးရုံ မှာ ဆေးကုသခံယူနေပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်းလည်း သူမ က ထပ်လောင်းပြောသည်။

ယာဉ်တိမ်းမှောက်သူများသည် ကျေးသီးမြို့နယ် မိုင်းနန်းအုပ်စု နောင်တောင်းကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည်။

သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင်ရှိ ကျေးသီးမြို့နယ် မိုင်းနောင် မိုင်းနန်းကြား ကားလမ်းသည် ကျဉ်းမြောင်းနေသေးပြီး၊ ယာဉ်မောင်းများမှာလည်း အရှိန်မြင့်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ၊ ယာဉ်တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားသည် ဟုလည်း ကားသမားများက သုံးသပ်ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦးသေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် အမျိုးသားတစ်ဉီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( မေလ ၁၂ ရက် ) ညအချိန်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံးလမ်းပေါ်တွင်ကုန်တင်ထားသည့် Toyota Alphart အဖြူရောင်ယာဉ်အမျိုးတစ်စီး...

ကျောက်မဲ ထင်းတင်ကားတိမ်းမှောက် ကားဆရာ သေဆုံး၊ ၃ ဦး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက်တွင် ထင်းတင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားဆရာ သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ထိုထင်းတင်ကားသည် ကျောက်မဲမြို့နယ် ပန်စလော့ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် (၂)နာရီခွဲတွင် ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားဆရာ သေဆုံးခဲ့တာဖြစ်ကြောင်း သိရသည်။ “ကားမောက်တာက ပန်စလော့နားမှာဖြစ်တာပါ။...