အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့် ၎င်း၏ အစ်ကိုဖြစ်သူတို့သည် ကားဝယ်ယူလိုကြောင်း ဆက်သွယ်လာသည့် အမျိုးသားတစ်ဦးနှင့် ချိန်းဆိုထားသည့်နေရာသို့ သွားရောက်ခဲ့သည်။

ထိုသို့ ကားကို ပြသပြီးနောက် သဘောတူခဲ့ကြောင်းဆိုကာ ငွေပေးချေရန် ညီအကိုနှစ်ဦးကို ဟဲဟိုးဘက်သို့ လိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် လမ်းခရီးတစ်ဝက်တွင် တရားခံက နောက်ထပ် အခြားသူတစ်ဦးကို ဝင်ခေါ်မည်ဟုဆိုကာ မောင်းနှင်သွားခဲ့သော်လည်း ထိုသူထံ မရောက်မီ လမ်းတဝက်တွင် ကားဝယ်မည်ဟုဆိုသူက ဓားထုတ်၍ စတင်တိုက်ခိုက်လာခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကားဝယ်မယ်ဆိုပြီး ညာခေါ်တဲ့သဘာပဲ။ အသက် ၂၁ အရွယ်ရှိတဲ့ ညီဖြစ်သူက ဓားနှစ်ချက် ထိုးခံရတယ်။ ဆေးရုံရောက်လို့ ဆရာမကိုမေးကြည့်တဲ့အခါမှာတော့ ညီဖြစ်သူက အသက်မပါတော့ဘူး။ အကိုဖြစ်သူကတော့ ခေါင်းမှာ ငါးချက် ချုပ်လိုက်ရတယ်။ အသက်အန္တရာယ်မရှိဘူး” ဟု ၎င်းက ပြောသည်။

ဓားထိုးခံရပြီး သေဆုံးသွားသူ

ညီဖြစ်သူ ကိုသက်မော်ထူးမှာ ရရှိသော ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့က အမြန်ဆုံး လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူကို သက်သေခံပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သို့သော် တရားခံအား မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကို မသိရှိရသေးဘဲ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယခုကဲ့သို့သော လူယုံသွင်း တိုက်ခိုက်မှုများသည် အွန်လိုင်းမှတစ်ဆင့် ပစ္စည်းအရောင်းအဝယ် ပြုလုပ်ရာတွင် ဖြစ်ပွားလေ့ရှိသည့် အန္တရာယ်တစ်ခု ဖြစ်လာနေကြောင်း အထက်ပါအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

၎င်းက “အခုခေတ်က ဘာပဲလုပ်လုပ် သတိထားရတော့မယ့် ခေတ်ပါ။ အထူးသဖြင့် အရောင်းအဝယ်လုပ်တဲ့အခါ ကိုယ်ကရောင်းမယ့်သူဖြစ်လို့ ဝယ်မယ့်သူကိုပဲ အိမ်အထိ လာကြည့်ခိုင်းတာ အကောင်းဆုံးပါပဲ။ ကိုယ်က လိုက်ပြနေရရင်တော့ လုံခြုံရေးအရ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဝယ်ချင်တဲ့သူက အိမ်အထိ လာဝယ်တာကမှ စိတ်အချရဆုံးပဲ” ဟု တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင် အသက် ၇ နှစ်အရွယ်သာရှိသေးသော ဒုတိယတန်းကျောင်းသားငယ်တစ်ဦးကို နေအိမ်ရှေ့မှာပင် ဟွန်ဒါဖစ်ကားဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...