အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။

လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာခန်းတွေနဲ့ KTVတွေ၊ နောက် Hi ခန်းလို့ခေါ်ဝေါ်တဲ့ မူးယစ်ဆေးသုံးစွဲလို့ရတဲ့ အခန်းတွေကို ပေါ်တင်ဖွင့်လှစ်လာခဲ့ပါတယ်။ 

အဆိုးဆုံးအရာကတော့ KTV တွေမှာ HIခန်းတွေ လိုခေါ်တဲ့ မူးယစ်ဆေးသုံးစွဲပြီး DJ ဖွင့်ကာ အော်ဟစ် ဆူညံကခုန် နေတဲ့အသံတွေက အောင်ပန်းမြို့ကို ရုပ်ဆိုးအကျဉ်းတန်မှုကို ဖြစ်ပေါ်စေသလို ရပ်ကွက်နေ ပြည်သူတွေ ကိုလည်း စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်ထဲမှာဆို KTV နှင့် စားသောက်ဆိုင်အမည်ခံ ပြည့်တန်ဆာခန်းတွေမှာလည်း  လူခြေတိတ် ညသန်းခေါင်ယံအချိန်တွေဆိုရင်  လူဝင်၊ လူထွက်များပြားပြီး အော်ဟစ်ဆူညံသံ၊ ရန်ဖြစ်သံတွေကြောင့် ရပ်ကွက်နေ ပြည်သူက ကောင်းမွန်စွာ အိပ်စက်အနားမယူရပါဘူး။

အောင်ပန်းမြို့မှာ နေထိုင်သူအများစုက စိုက်ပျိုးရေးလုပ်ငန်း၊ ရာသီသီးနှံ ပွဲရုံလုပ်ငန်း၊ ကုန်စိမ်းပွဲစားများ လုပ်ကိုင်သူတွေ နေထိုင်တဲ့မြို့ဖြစ်တဲ့အတွက် မနက် မိုးမလင်းခင် အိပ်ယာထ လုပ်ငန်းခွင် ဝင်ရသူတွေဖြစ်ကြပါတယ်။ 

ဒါ့ကြောင့် လာဘ်ယူပြီး ဖွင့်လှစ်ထားတဲ့ KTV တွေရဲ့ Hiမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ကိစ္စ၊ စားသောက်ဆိုင် အမည်ခံ ပြည့်တန်ဆာခန်းတွေ ကိစ္စကို ထိရောက်စွာ အရေးယူ၊ဖယ်ရှားပေးဖို့ အောင်ပန်းမြို့ ရပ်ကွက်နေပြည်သူတွေက ကလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ထံ စာတင်ဖို့ ဆွေးနွေးနေကြပါတယ်။ 

ကျနော်တို့ အောင်ပန်းမြို့နယ်က ဖြစ်ပျက်နေတဲ့ ကိစ္စမျိုးဖြစ်တဲ့ ယစ်မျိုးလိုင်စင်ကိစ္စတွေ ၊ တရားမဝင်ရောင်ချနေမှုတွေကို လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းမေးခဲ့ဖူးတာကိုလည်း တွေ့မြင် ကြားခဲ့ရပါတယ်။ 

ကျနော်မှတ်မိသလောက် အဲ့အချိန်တုန်းက ပြည်ထဲရေးဝန်ကြီးလာဖြေသွားတာက “ယစ်မျိုးလိုင်စင်နှင့် ပတ်သက်ပြီး တရားမဝင်ရောင်းချနေမူအား စီမံချက်ဆွဲ အရေးယူမူတွေ့ဆောင်ရွက်နေတယ်။ တရားမဝင် ရောင်းချနေမူကို တိုင်ကြားရင် တိတိကျကျတိုင်ကြားမှာသာ စိစစ်အရေးယူ ဆောင်ရွက်ပေးသွားမယ်လို့ ဖြေကြားထားတာတွေ့ရပါတယ်”

ဒါ့ကြောင့်  ကျနော်တို့ ရပ်ကွက်ထဲက KTV တွေ့ကို လိုင်စင်၊ယစ်မျိုးလိုင်စင်၊တရားဝင်ဖွင့်ခွင့်ပေးထားတဲ့ဆိုင် ဟုတ်၊မဟုတ် သက်ဆိုင်ရာက ထိထိရောက်ရောက်စစ်ဆေးပေးစေလိုပါတယ်။ 

 တိတိကျကျတိုင်ဖို့ ပြောထားတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဆီကိုလည်း ဆိုင်နာမည်တွေနှင့်တကွ တိုင်ဖို့လည်း ကျနော်တို့ စီစဉ်နေပါတယ်။ 

လွန်ခဲ့တဲ့ လပိုင်းတုန်းကလည်း ကျနော်တို့ ရပ်ကွက်နေ ပြည်သူတွေက အောင်ပန်းမြို့အုပ်ချုပ်ရေးမှူးရုံးကို တိုင်ထားသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခုလို့ ထပ်မံတိုင်ကြားသွားမည်လို့ ဆုံးဖြတ်လိုက်တာပါ။ 

ကျနော်တို့ လက်လှမ်းမီ ကောက်ယူထားတဲ့ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်တွေကတော့ –

၁။ The King KTV၂။DJ KTV၃။135 KTV၄။VIP KTV

၅။KKK KTV

၆။Alinkar KTV

၇။ Top Free KTV 

၈။ Royal Flower KTV 

၉။ ရွှေရှမ်းကန် KTV 

၁၀။ ဟာမိုနီ KTV 

၁၁။ ရွှေယမုံ KTV

၁၂။ ငွေစည်းစိမ် ၁) KTV

၁၃။ ငွေစည်းစိမ်(၂)  KTV ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ မတ်လထဲမှာတော့ အောင်ပန်းမြို့ လွယ်မောကျေးရွာအနီးရှိ H2O KTVမှာ Hi ခန်းပြုလုပ်‌နေမူကို ဝင်ရောက်ဖမ်းဆီးအရေးယူထားပါတယ်။

အောင်ပန်းမြို့ ရပ်ကွက်နေပြည်သူကိုယ်စား

ပြည်သူတဉီး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...