ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ ဦးထွန်းခင် နေအိမ်တွင် လာရောက်တည်းခိုပြီး သောက်စားပျော်ပါးရာမှ သေနတ်ပစ်ဖောက်လိုက်သဖြင့် အိမ်ရှင်ဖြစ်သူ အသက် ၅၀ အရွယ်ရှိ ဦးထွန်းခင် ကို ကျည်ထိမှန်သွားခဲ့သည်။

သေနတ်ကျည်ထိမှန် ဒဏ်ရာရသွားသည့် ဦးထွန်းခင်ကို တောင်ကြီးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုထားရကြောင်း ညောင်ရွှေဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (PNO) ကျောက်တန်းရွာလာပြီး မူးပြီး သေနတ်ဖောက်သွားတာ။ ဦးထွန်းခင်ကို သေနတ်မှန်သွားတော့ ခုတောင်ကြီး ဆေးရုံကို ပို့ထားရတာ။ သူတို့က အဲ့လိုပဲ ကင်းလှည့်ပြီး ကျေးရွာတွေမှာ ဝင်ဝင်အိပ်တာ၊ အိမ်ရှင်တွေက ထမင်းချက်ကျွေးရတာပေါ့။ သူတို့ကို ကြောက်နေရတယ်” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

PNA/PNO

ထို့အပြင် PNO တပ်သားများ သည် စံကားအင်းဒေသ ဘီလူးချောင်း အနောက်ဘက်ကမ်းရှိ လမ်းမကြီးပေါ် ဖြတ်သန်းသွားသော ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးကာ ငွေတောင်းခံခြင်း၊ ကျေးရွာသို့ ကင်းပတ်လှည့်ခြင်းများ လုပ်နေချိန် ကျေးရွာဒေသခံများမှ ထမင်းချက်ကျွေး ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး စစ်ကောက်စီလက်အောက်ခံ PNA ပြည်သူ့စစ်သည် စံကားကျေးရွာဘက်တွင် ဆေးရုံ၊ လှေဆိပ် နှင့် တံတားတို့တွင် ဂိတ်ဖွင့်ထားပြီး လှေဆိုက်ကပ်လာလျှင် လှေအမျိုးအစားပေါ် မူတည်၍ ငွေကောက်ခံနေသောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြသည်။

ကရင်နီကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီ က PNO ကို အသုံးပြုနေ

“သူတို့က ပိုက်ဆံကောက်လို့ရမယ့် နေရာတွေမှာ ဂိတ်ဖွင့်ထားတာ။ လှေဆိုရင် Honda လှေဆိုရင် ကျပ် (၅၀၀၀) ၊ စက်လှေအကြီးဆိုရင် ကျပ်(၁၀၀၀၀) ပေးရတယ်။ ကုန်ပစ္စည်းတွေပါရင် ပစ္စည်းခတွေပါ ပိုကောက်တယ်။ သူတို့က ဒီလိုပိုက်ဆံကောက်လေ ကျနော်တို့ ပြည်သူတွေ ပိုခက်ခဲလေ” ဟု စံကားအင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ (၂၄) ရက်တွင်လည်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းလေးတောင်ဘက်ခြမ်းရှိ ဘုရားတောင်ကျေးရွာ ရပ်ကွက်(၃)ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး ကန့်သတ်မှုထက် ပိုသုံးလျှင် ငွေပိုပေးနေရသောကြောင့် စက်လှေသမားများ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...