မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။

မူဆယ်လုယက်မှု

ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး ပြန်လာသော အမျိုးသမီးနှစ်ဦးကို အမျိုးသားနှစ်ဦးက လိုက်လံလုယက်ခဲ့ကြောင်းသိရသည်။

“ဈေးကနေ ပြန်လာတဲ့ အဲ့အမျိုးသမီးနှစ်ယောက်ရဲ့ နောက်ကို တခြားဆိုင်ကယ်စီး အမျိုးသားနှစ်ယောက်က လိုက်လာပြီး နောက်က လိုက်စီးလာတဲ့ အမျိုးသမီးရဲ့ ဆွဲကြိုးကိုလုယူသွားတာ၊ အဲ့အမျိုးသမီးဆိုင်ကယ် ပေါ် ကနေ တလိမ့်ခေါက်ကွေးကျသွားတယ်၊ ရိုက်နှက်တာလည်း ခံရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုယက်ခံရသည့် အမျိုးသမီး၏ အော်ဟစ်အကူအညီတောင်းဆိုမှုများကြောင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက်တွင်း လုံခြုံရေးယူနေသည့် ပြည်သူ့စစ်နှစ်ဦးမှ သေနတ်ပစ်ဖောက်ရာ လုယက်သူကို မထိဘဲ လမ်းဘေးတွင် ရှိနေသည့် အမျိုးသားတစ်ဦးကို ကျည်ထိမှန်ကာ သေဆုံးသွားရကြောင်း သိရသည်။

“ပြည်သူ့စစ်က သေနတ်ပစ်လိုက်တာ လမ်းဘေးရပ်နေတဲ့ စုံတွဲထဲက အမျိုးသားကို ကျည်ထိသွားတယ်၊ သူတို့က ဒီအတိုင်းလမ်းသွားလမ်းလာရင်းနဲ့ သူတို့ရှေ့မှာ လုယက်မှုဖြစ်တော့ ဆက်မသွားပဲ အခြေအနေကို ရပ်ကြည့်နေ တယ်လို့ထင်ရတယ်၊ သူ့ခေါင်းပိုင်းကို ကျည်ထိပြီး ပွဲချင်းပြီးသေပါတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် အသက် (၂၀) ကျော် အပြစ်မဲ့ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ ရသော်လည်း လုယက်မှု ပြုလုပ်သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိသည့် အပြင် အမျိုးသမီး၏ ဆွဲကြိုးလည်း ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ထို့အပြင် ဆွဲကြိုးလုယက်ခံရစဥ် ရိုက်နှက်မှုပါ ခံရသည့်အတွက် အဆိုပါ အမျိုးသမီးက ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်းလည်း သိရသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုံလင်များပြားလှသည့်အပြင် အဖွဲ့အစည်းများလည်း စုံလင်သည့်အတွက် မူးယစ်ဆေးဝါးများ၊ လောင်းကစားဝိုင်းများ၊ လုယက်ဓားပြတိုက်မှုများနှင့် တခြား တရားမဝင် လုပ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။

ထို ဖြစ်ပွားခြင်းနှင့် ပက်သက်ပြီး မူဆယ်မြို့၏ လက်ရှိအခြေအနေများသည် အိမ်အပြင်ထွက် သွားလာခြင်းအပြင် အိမ်တွင်းရှိနေသော်လည်း လုံခြုံမှု မရှိသလို ခံစားနေရကြောင်း မူဆယ်မြို့တွင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ရခြင်းနှင့် လုယက်သူတို့၏ နောက်ဆက်တွဲသတင်းများနှင့် ပက်သက်ပြီး နောက်ဆက်တွဲ တာဝန်ယူမှု တာဝန်ခံမှုများကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းလျက်ရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...