တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဖုတ်ဖရာနယ်မြေအတွင်း ကျေးရွာချင်းဆက်လမ်းတခု၌ ဆိုင်ကယ်နှစ်စီးဖြင့် တရုတ်အမျိုးသား ၃ ဦးသည် လမ်းပိတ်ဆို့မှုများပြုလုပ်ကာ ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို ချုံခိုတိုက်ခိုက်လုယက်နေကြောင်း ဒေသခံများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ထိုအဖွဲ့သည် လမ်းပေါ်ရှိ အရပ်သားယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်နေစဉ် ဖုတ်ဖရာ ရဲစခန်းမှ ရောက်ရှိလာသည့် ကင်းလှည့်ယာဉ်ကိုလည်း အရပ်သားယာဉ်ဟု ထင်မှတ်ကာ အဖွဲ့လိုက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲအရာရှိများက ချက်ချင်းဝင်ရောက် ဖမ်းဆီးခဲ့ရာ အသက် ၂၈နှစ်အရွယ်ရှိ Yang Luta၊ အသက် ၃၁ နှစ်အရွယ်ရှိ Feng Zhengdao နှင့် အသက် ၃၂ နှစ်အရွယ်ရှိ  Hu Pan တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ သံသယရှိသူများသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် တရုတ်လူမျိုးများ ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းများတွင် အလုပ်လုပ်ရန် လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းထွက်ဆိုခဲ့သည်။

ထို့နောက် ဖုတ်ဖရာနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိ မြို့သစ်တစ်ခုသို့ လူကုန်ကူးခံခဲ့ရပြီး အဆိုပါနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းစဉ် လမ်းခရီးတွင် အသုံးပြုရန်အတွက် ငွေနှင့် မော်တော်ယာဉ်များ လုယက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ ၃ ဦးနှင့် သိမ်းဆည်းရမိသော ပစ္စည်းများကို ထိုင်းနိုင်ငံဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ရာဇဝတ်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် သတိပြု သွားလာကြရန်လည်း အာဏာပိုင်များက တိုက်တွန်းထားသည်။ 

ကိုးကား – Chiang Mai New

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...

ပင်းတယမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးမှု မလုပ်နိုင်

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် ပင်းတယမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်လာနေပြီး ထိုလုယက်မှုများကို မည်သည့် အဖွဲ့အစည်းမှ ဖြေရှင်းမှု မလုပ်ပေးကြောင်း မြို့ခံ များကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆) ရက်တွင် ပင်းတယ...

နမ့်ခမ်းမြို့နယ် အလုပ်သမားက အလုပ်ရှင်ကို သတ်ပြီး ရွှေ၊ငွေများ လုယူသွား

0
သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် အလုပ်သမားတစ်ဦးသည် အလုပ်ရှင် ဖြစ်သူကို သတ်ဖြတ်ပြီး ရွှေ၊ ငွေ ပစ္စည်းများစွာကို လုယက်ယူသွားသည့် ဖြစ်စဥ်ဖြစ်ပွားသွားကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာ ၂ ) ရက်တွင် နမ့်ခမ်းမြို့နယ်၊ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ဦးအောင်သိန်း ဆိုသူကို အလုပ်သမားဖြစ်သူ က...

ဆိုင်ကယ်လုသူကို ခုခံရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ( ဧပြီ ၅) ရက် နံနက် ၁ နာရီတွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုသူများကို ပြန်ခုခံရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (ဧပြီ ၅) ရက် နံနက် ၁...

မူဆယ်မြို့ ရွှေဝယ်ဟန်ဆောင်ပြီး ရွှေဆွဲကြိုးလုယက်

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့မ အမှတ် (၁) ဈေးထဲရှိ ရွှေဆိုင်တစ်ခုထဲတွင် အမျိုးသားတစ်ဦးသည် ရွှေဝယ်ဟန်ဆောင်ပြီး ရွှေဆွဲကြိုး (၃) ကုံး ကို လုယူသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အသက် ၃၀ အရွယ်ရှိ...