ပင်းတယမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးမှု မလုပ်နိုင်

သျှမ်းပြည်တောင်ပိုင်း ၊ပင်းတမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် ပင်းတယမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်လာနေပြီး ထိုလုယက်မှုများကို မည်သည့် အဖွဲ့အစည်းမှ ဖြေရှင်းမှု မလုပ်ပေးကြောင်း မြို့ခံ များကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆) ရက်တွင် ပင်းတယ -ပွေးလှသွားလမ်း သွားလမ်းတွင် ဓားထိုးပြီး ဆိုင်ကယ်၊ ဖုန်း များလုယက်ခံရပြီး မိုင်းအင်ဖက်တွင်လည်း ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် နေအိမ် ဖောက်ထွင်း ဓားပြတိုက်ခံရသောကြောင့် ငွေကျပ်( သိန်း ၅၀) လုယူခံရကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုရက်ပိုင်းအတွင်းမှာ အဲလို ဓားပြတိုက်တာတို့တွေ ကြားနေရတယ်။ ကျနော်တို့ မိုင်းအင်ဖက်မှာလည်း ဓားပြတိုက်သွားတာ သိန်း(၅၀) ပါသွားတယ်တဲ့။ ဘယ်အဖွဲ့ကမှ အရေးယူဖြေရှင်းပေးတာမျိုးမရှိဘူး။ ကိုယ်ဖြစ် ကိုယ်ခံပဲ။ ဒီဖက်မှာက စစ်ကောင်စီရော၊ RCSS တွေ PNO တွေရော ရှိတော့ ဘယ်အဖွဲ့ကို အဖေခေါ်ရမလဲတောင် မသိဘူး။” ဟု ၎င်း အမျိုးသားက ပြောသည်။

ထို့ကဲ့သို့ ဓားပြတိုက်မှုများကို ဖြေရှင်းပေးမည်သူမရှိသဖြင့် ဒေသခံများ ကြောက်လန့်နေကြရပြီး နေဝင်သည်နှင့် အိမ်ထဲအိမ်ပြင် မထွက်ရဲကြတော့ကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် အလုပ်ကိစ္စဖြင့် ကျေးရွာဖက်သို့ မဖြစ်မနေသွားရ မည်ဆိုလျှင် အနည်းဆုံး လူ(၄) ယောက်ပါမျှ လုံခြုံမှုရှိတော့မည် ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကဆို ပစ္စည်းပို့တွေ ဆိုင်ကယ်နဲ့ သွားဖြစ်တယ်။ခုဆို လူ(၄)ယောက်လောက်ပါမှ ပစ္စည်း ပို့သွားတော့တာ။ ကိုယ်က ပိုက်ဆံတွေကိုင်ပြီး အလုပ်သမားတွေကို ငွေသွားရှင်းတဲ့အခါ ဘယ်ချိန် အလုခံရမလဲပဲ စိတ်ပူနေတာ။ ကိုယ့်အသက် အန္တရာယ်လည်း စိုးရိမ်ရတယ်လေ။ခုကအခြေနေမကောင်းတော့ ထိထိရောက် အရေးယူမဲ့သူလဲ မရှိဘူး” ဟု အသက် (၃၀ )ဝန်းကျင် ကုမ္ပဏီ ဝန်ထမ်း အမျိူးသမီးက ပြောသည်။

ယခုကဲ့သို့ လုယက်မှုများ ဓားပြတိုက်မှုများကို ထိထိရောက်ရောက်အရေးယူစေလိုကြောင်း၊ ပြည်သူများအနေဖြင့် လူပြတ်သည့်လမ်းတွင် တစ်ယောက်တည်းမသွားလာသင့်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

လွန်ခဲ့သည့် (၂၀၂၃) ခုနှစ်တွင်လည်း မိုင်းလီကျေးရွာတွင် နေအိမ် ဖောက်ထွင်း ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး လက်ဝတ်လက်စားနှင့် ပိုက်ဆံများ ပါသွားကာ ထိုအမှုကို မည်သူကမျှ လာရောက် ဖြေရှင်းပေးမှု မရှိကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...