Saturday, April 27, 2024

ပင်းတယ

ပင်းတယ အမျိုးသမီးတစ်ဦး ဓားပြတိုက် မုဒိမ်းပြုခံရပြီး ၊ ကျူးလွန်သူ ထွက်ပြေးနေ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မှ အမျိုးသမီးတဦး ဓားပြတိုက်ခံရသည့်အပြင် မုဒိမ်းပါ ပြုကျင်ခံရပြီး၊ ကျူးလွန်သည့် အမျိုးသား ထွက်ပြေးလွတ်မြောက်နေကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ် ကျုံးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ရွာပြင်ဘက် ကျွဲသွားကျောင်းကာ...

ပင်းတယ စစ်ကောင်စီ စစ်သင်တန်းမှ ပျူစောထီးများ ထွက်ပြေး၊ သင်တန်းလည်း ပိတ်ထားရ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ ပျူစောထီးများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့၏ စစ်သင်တန်းတွင် သင်တန်းသား ပျူစောထီးများ ထွက်ပြေးနေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်းဖြစ်ပြီး သင်တန်းလာတက်သည့် ပျူစောထီးများက ထွက်ပြေးကြသဖြင့် လက်ရှိတွင် အဆိုပါ စစ်သင်တန်းကို ပိတ်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သင်တန်းမတက်ခင်မှာတော့...

ပင်းတယမြို့ စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများကို စစ်သင်တန်းပေးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပျူစောထီးများကို စစ်သင်တန်း ပေးနေကြောင်း သတင်းသိရသည်။ ပင်းတယမြို့ အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများ က ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မနက်အစောကြီး ၅...

NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သူမ၏သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက် တွင်...

ပင်းတယမြို့ ပြည်သူ့နေအိမ် ၈ လုံးဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း သူခိုးများသောင်းကျန်းနေပြီး ပြည်သူ့နေအိမ် ၈ လုံး ဖောက်ထွင်း ခံနေရသော်လည်း စစ်ကောင်စီတို့မှ အရေးယူ ဖြေရှင်းခြင်း မရှိကြောင်း သတင်းသိရသည်။ ယခု သြဂုတ် ၁၉ ရက် တစ်ရက်တည်းပင် ပင်းတယမြို့မှ ဖောက်ထွင်းခံရသည့် ပြည်သူ့ နေအိမ် ၈ လုံးအနက် သစ်အယ်ပင်ကျေးရွာမှ...

မြို့နယ်မှူးနေထိုင်သည့် ပင်းတယမြို့က ရဲစခန်းဟောင်း တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ လုံခြုံရေးတပ်သားများစွာ ချထားသည့် မြို့နယ်မှူး နေထိုင်ရာ ပင်းတယရဲစခန်းဟောင်း တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁) ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ပင်းတယမြို့နယ်ရှိ ရဲစခန်းဟောင်းနေရာကို တိုက်ခိုက်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပင်းတယမှာ ရဲစခန်းဝန်းနှစ်ခုရှိတာပေါ့နော်၊ အခုတိုက်ခိုက်ခံရတဲ့ ရွာသစ်ရပ်ကွက်၊မြို့တွင်းလမ်းမကြီးဘေး...

ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

သျှမ်းပြည်တောင်ပိုင်း ဓနုဒေသမှ အနိုင်ရရှိထားသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည် ဖမ်းဆီးခံထားရပြီးနောက် ယနေ့ မေလ ၂၃ ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်မမလေးကို မေလ ၁၄ ရက်နေ့ ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားပြီးနောက် ကလောကိုခေါ်ဆောင်သွားပြီး လက်ရှိတွင်...

ပင်းတယစစ်ရှောင်များ စား၀တ်နေရေး ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မိုးရာသီရောက်ရှိလာသဖြင့် စား၀တ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။ စစ်ကောင်စီတို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပင်းတယမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၅၀ ကျော်သည် မိုးရာသီကာလအတွင်း ဆေး၀ါး၊ ရေလှဲ၀တ် နှင့် အမျိုးသမီး လစဥ်သုံးများ အရေးပေါ် လိုအပ်နေသည် ဟု...

စိတ်ဒဏ်ရာ

“ဒေသကာကွယ်ရေးတပ် PDF ဟု စွပ်စွဲကာ ဧပြီလ ၁၉ ရက်နေ့က ပဲရင်းတောင်ကျေးရွာသား ဓနုလူမျိုး ၉ ဦးကို စစ်တပ်က အကြမ်းဖက် ညှဉ်းပန်း သတ်ဖြတ်” လေပြီ။ တခါတရံ ထွက်ပေါ်လာသည့် ကားနှင့် ဆိုင်ကယ်သံမှ အပ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။...

ပင်းတယမြို့မှ ကရင်နီစစ်ဘေးရှောင်များ စိုးရိမ်စိတ်များနှင့် နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စိုးရိမ်စိတ်များ စွာဖြင့် နေရပ်သို့ ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် ပင်းတယမြို့နယ်ရောက် ကရင်နီစစ်ရှောင်များတချို့သည် နေရပ်ပြန်လိုသည့်အတွက်ကြောင့် ဒေသတွင်း ပရဟိတသမားများ ပူးပေါင်းပြီး စစ်ရှောင်များကို နေရပ် ပြန်ပို့ပေးကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

Latest news