ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးပေါ်သို့ ပိမိခဲပြီး  တစ်ဉီးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတိရသည်။

“သူတို့က ဈေးမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းနေကြတာ။  မိုးက ရက်ဆက်ရွာတော့ အဲအုတ်တံတိုင်းက ပြိုကျသွားတာ၊အုတ်တံတိုင်းက ၆ ပေကျော်တယ်။ ပိမိတာတော့ ‌အမျိုးသမီးနှစ်ယောက် ကိုပါ။ ဆေးရုံကိုပို့လိုက်တာ။ တစ်ယောက်က ဆေးရုံမှာဆုံးတယ်။ တစ်ယောက်က ဆေးရုံမှာ က်တက်နေရတုန်းပဲ။”ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်​။

အဆိုပါ သေဆုံးသည် ရေဖြူကျေးရွာအုပ်စု ၊ကျောက်တောကျေးရွာတွင်နေထိုင်သည့် အသက် ၆၀ဝန်းကျင် ဒေါ်မြင့်နိုင်ဖြစ်ပြီး၊ ဦးခေါင်း ဒဏ်ရာဖြင့်  ပင်းတယ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိသူသည် ပင်းတယမြို့ ပေါက်တောရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ခင်ရီဖြစ်ပြီး၊ မေးစေ့နှင့် ပေါင်ပေါက်ပြဲ ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပင်းတယ အပါအဝင် သျှမ်းတောင်တွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မြေသားများပြော့ကာ မြေပြိုမှုများ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“ဒီလို အုတ်တံတိုင်း ပိပြီး သေတယ်ဆိုတာ ဒါပထမဆုံးကြားဖူးတာပဲ၊ သူတို့လည်း ဝမ်းရေးအတွက် ဈေးရောင်းရင်း ဒီလိုဖြစ်တော့ စိတ်မကောင်းဘူး၊အရင်နှစ်တုန်းက ပင်းတယမှာ မြေပြိုပြီး လူသေခဲ့တော့ အခုနှစ်မိုးရာသီလည်း ကြောက်နေရတယ်၊ စိတ်ဖြောင့်ဖြောင့်လည်း မအိပ်ရဲဘူး။”ဟု ပင်းတယ ဒေသခံ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

မိုးဦးရာသီ အစဖြစ်သောကြောင့် မြေသားပျော့သည့် နေရာများ ချောင်း၊ ကမ်းပါးဘေးနှင့် တောင်စောင်းများတွင် သွားလာမှုများ မလုပ်သင့်ကြောင်း အဆိုပါ အမျိုးသမီးက အကြံပြုပြောထားသည်။

မိုးရာသီအစပိုင်းဖြစ်သော်လည်း သျှမ်းတောင်တွင် ရက်ဆက် မိုးရွာသွန်းမှုကြောင့် ရေကြီးကာ ကောက်ပဲသီးနှံနှင့် စိုက်ခင်းများ ရေဝင်ကာ ပျက်စီးကုန်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဇူလိုင်လတွင်လည်း ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတွင် ညအချိန် တောင်ကျရေ ရုတ်တရက်ဝင်ရောက်ကာ  လူ(၈)ဦးသေဆုံး သွားပြီး စာသင်ကျောင်းများ နေအိမ်အဆောက်ဦးနှင့် လမ်းများ ထိခိုက်ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...