ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ ပင်းတယမြို့နယ် စံသီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောကို ဇွန်လ (၁၃)ရက်တွင် အမည်မသိအဖွဲ့မှ လာရောက် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇွန်လ (၁၈)ရက်တွင်လည်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု တံတားဖြူကျေးရွာတွင် အသက် (၄၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်မှ လာရောက် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဘာကြောင့် သတ်တာလဲတော့ မသိဘူး ။ဒီဖက်မှာက လူသတ်တာတို့ ခဏခဏ ဖြစ်တယ်၊ အခုတံတားဖြူကဆို ညအချိန်ကို လာသတ်တာ၊ လက်နက်ကိုင်တစ်စုလို့တော့ ပြောတာပဲ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး၊”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ လူသတ်မှုများ မကြာခဏ ဖြစ်နေခြင်းကြောင်း အုပ်ချုပ်ရေးမှုးလုပ်မည့် သူပင်မရှိတော့ကြောင်းနှင့် ဒေသခံများ အသွားလာ အနေထိုင် သတိရှိနေရကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ဆက်လက်ပြီး ပင်းတယမြို့နယ် စံသီးကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှုး အသစ်ပြန်လည်တင်မြောက်ရန် စစ်ကော်မရှင်တပ်က လူရွေးချယ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“တချို့ကြတော့လည်း မလုပ်ချင်ကြဘူး အကြောင်းအမျိုးမျိုးပြပြီး ငြင်းပြီး ထွက်ကြတယ်၊ ရွာထဲမှာ ပြောကြတာက အုပ်ချုပ်ရေးမှုးလုပ်ရင် အသက်တိုတယ် ဆိုပြီး ပြောကြတယ်၊ တချို့ကြတော့လည်း လုပ်ပိုင်ခွင့် အာဏာတွေရတော့ လုပ်ချင်တယ်၊ စစ်တပ်လက်အောက်ခံဆိုတဲ့ အတိုင်း သူတို့ခေါ်ရင် သွား ခိုင်းတာလုပ်ရမှာပေါ့၊အခုထိတော့ လူရွေးနေကြတုန်းပဲ။”ဟု ပင်းတယ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှုး မလုပ်လို၍ ဒေသခံအချို့မှာ သာသနာ့ဘောင်ဝင်ရောက်ခြင်း၊ ကျန်းမာရေးအရ အကြောင်းပြခြင်းနှင့် ခရီးထွက်ခြင်း စသည့်အကြောင်းပြ၍ ရှောင်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ရွာငံမြို့နယ်တွင် အုပ်ချုပ်ရေးမှုး၊ အရပ်သားနှင့် ပျူစောထီး (၉)ဦးအသတ်ခံရကြောင်း သျှမ်းသံတော်ဆင့်မှ စုဆောင်းထားသော ဒေတာအချက်လက်များအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...