Friday, May 3, 2024

စစ်အာဏာသိမ်း

အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။ ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများထည့်သွင်းလာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။ အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ်...

မြန်မာ့တော်လှန်ရေး ဘာအတွက် တိုက်ပွဲဝင်နေသနည်း

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ နှစ်နှစ်ကျော် ကြာခဲ့ပါပြီ။ အာဏာသိမ်းပြီးကတည်းက နိုင်ငံဟာ အဆိုးကျော့ သံသရာရှည်မယ့် အကြမ်းဖက်မှုဝဲဩဃထဲ သက်ဆင်းသွားပါတယ်။ စီးပွားရေး ချွတ်ခြုံကျမှုနဲ့ အတူ လူသားချင်းစာနာမှု အကျပ်အတည်းကို (ပြည်သူတွေ) ခါးစည်းခံခဲ့ကြရပါတယ်။ ၂၀၂၃ ခုနှစ် မေလအထိ အရပ်သား ၃,၅၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။ ၂၂,၀၀၀ ကျော်...

ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

နိဒါန်း မတ်လ ၂၇ ရက်တွင် ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်၏ နှုတ်ထွက်သတင်း စကားများကို ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှတဆင့် ကြားသိခဲ့ရပြီဖြစ်သည်။ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ၎င်းတို့အား ကူညီနေသော တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)အချို့ကို ပြတ်ပြတ်သားသားအရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီး က...

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကျိုင်းတုံမြို့သို့ ရောက်ရှိ လုံခြုံရေးတင်းကြပ်ထား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်က ရောက်ရှိလာပြီး လုံခြုံရေးကို တင်းကြပ်ထားကြောင်း စုံစမ်းသိရှိရသည်။ ကာချုပ် မင်းအောင်လှိုင်သည် ယနေ့ မနက် (၇)နာရီဝန်းကျင်က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲနှင့် ထီးတော်တင်ပွဲကို ရောက်ရှိလာပြီး...

တော်လှန်သော လူငယ်များ

“ကျနော်က မိသားစုကို ဖီဆန်ပြီး ဒီလမ်းကို ရွေးခဲ့တာ၊ ဒီတော်လှန်ရေးအတွက်ကိုပဲ ဘဝကိုပုံအပ်လိုက်တာ၊ဘဝ တင်မကဘူး နောက်ထပ်အသစ်တွေကိုလည်း ရင်းလိုက်ရတယ်” လို့ ကိုသူရက ဆိုထားပါတယ်။ စစ်အာဏာမသိမ်းခင်က ကိုသူရ ဟာ တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုလူငယ်အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ အနာဂတ်မှာ လွှတ်တော်အမတ်ဖြစ်ရန် ရည်ရွယ်ချက်ရှိသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းလိုက်ချိန် မှာတော့ လွှတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲခဲ့ရသူဖြစ်ပါတယ်။ “အခုတော့ လက်နက်ကိုင် တော်လှန်ရေးသမားပေါ့၊ လုပ်ချင်တဲ့အရာတွေ ဆုံးရှုံးသွားပေမယ့် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် မနိုင်သေးခင်မှာတောင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်” လို့ ကိုသူရက ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာနေရာကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီးနောက်အလောင်းကိုပဲ ပြန်ပေးတာမျိုးရှိသလို ဖမ်းဆီးပြီးနောက် လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ “စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေး လူငယ်တွေ အပါအဝင် အပစ်မဲ့ ပြည်သူကိုလည်းရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတဲ့အနေအထားမှာ အဓိက က ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအရေးတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့၊ တစ်နေ့ကျရင် သူတို့(စကစ)ကို လက်တုန့်ပြန်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ၎င်းက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ရက်  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၃၅၁) ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၁၅၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၄၀၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုထဲမှ သျှမ်းပြည်မှ သေဆုံးသွားတဲ့ သူရဲကောင်းများမှ စက်တင်ဘာ ၁၁ရက် ထိ စာရင်းအရ ၄၄ဦးရှိပြီး၊ဖမ်းဆီးခံရသူ ၃၆၈ဦးရှိကာ အများစုမှာ လူငယ်များဖြစ်ကြောင်း သျှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားရေးအသက်း (SWAN) က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အသက် ၂၅ နှစ်အရွယ် နန်းနှင်းငယ်လည်း ပါပါတယ်။ စစ်အာဏာရှင်ကို တော်လှန်မှုကြောင့် ၅၀၅ နဲ့ ဖမ်းဝရမ် ထုတ်ခံရပြီး လက်ရှိမှာ အိမ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း၊ စစ်အာဏာသိမ်း ၁၀ လကျော်ကာလအတွင်းမှာ အနာဂတ်ပျောက်နေမှုကို ခံစားနေရကြောင်းလည်းနန်းနှင်းငယ်က ဆိုပါတယ်။ သူမဟာ လူ့အခွင့်အရေး ၊ အမျိုးသမီးအရေး ကိစ္စတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး၊လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်း လုပ်ဆောင်မှုကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ “ သျှမ်းပြည်ရဲ့ ကျေးလက်ဒေသတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးတွေ သိပ်မသိကြဘူး။ ကျမကပညာပေးမှုတွေကို ပြုလုပ်တယ်။ ဒီစစ်အာဏာရှင်ကိုယ်တိုင်က လူ့အခွင့်အရေးတွေ ချိုးဖောက်သူ၊ လူ့အခွင့်အရေး သမားတွေဖမ်းဆီးနေတာလေ။ ကျမလည်း ဖမ်းဝရမ်းထုတ်ခံရတယ်” လို့ နန်းနှင်းငယ် က ပြောပါတယ်။ လက်ရှိမှာတော့ သူမဟာ လွှတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့် သူမရဲ့စိတ်ကတော့ နေအိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေ အတွက် စိုးရိမ်နေရကြောင်း၊ လက်တလောမှာတော့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လုပ်ဆောင်နေကြောင်းလည်း နန်းနှင်းငယ် က လက်ရှိ ကြုံနေရတာတွေကို ပြောပါတယ်။ “တကယ်လို့ အာဏာသိမ်းမှု မရှိခဲ့ရင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ဖြစ်နေလောက်ပြီ၊အခုတော့ အိမ်ရဲ့အဝေးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားရအုံးမယ်လေ” လို့ ခံပြင်းသံဖြင့် အသံနဲ့ နန်းနှင်းငယ်ကပြောပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီတွေကြောင့် လူငယ်တွေများစွာ မတရားဖမ်းဆီးခံရခြင်း၊ ပစ်သတ်ခံရတဲ့အပြင်လူငယ်တချို့က အနာဂတ်များ ဝေဝါးနေရဆဲဖြစ်ကြောင်း သျှမ်းပြည်ပညာရေးကဏ္ဍမှာ အစဥ်အမြဲလုပ်ဆောင် နေတဲ့ စိုင်းအိုက်ခေး ကလည်း ဆိုပါတယ်။ “ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေက ဘာမှဆက်လုပ်ကိုင်လို့ အဆင်မပြေဘူး၊ တစ်ဖက်ကလည်းကိုယ်က ဒီတော်လှန်ရေးကိုပဲ စိတ်က ရောက်နေတော့ ကျန်တဲ့ အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ဘူး” လို့ စိုင်းအိုက်ခေးက သူ့ရဲ့ ဘဝဖြစ်စဥ်ကို ပြောပြပါတယ်။   ဒီကာလဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးအဖွဲ့နဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ သူတွေအနေနဲ့ အရင် နေဝင်းခေတ် သို့မဟုတ် အမှောင်ခတ် ကလို ပြန်ရောက်သွားပြီ။ပုန်းလျှိုးကွယ်လျှိုး သို့မဟုတ် မြေအောက်ဆန်ဆန် လှုပ်ရှားမှုနဲ့ ဆက်လုပ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ သူက ပြောပါတယ်။ “အခုကပြောရမယ်ဆိုရင် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး၊ လမ်းတွေပျောက်နေတယ်၊ ခေတ်လည်း မကောင်းတော့ဘူး၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးစိုးတဲ့ခေတ်က အမှောင်ခတ်ပေါ့” လို့စိုင်းအိုက်ခေးက ဆိုထားပါတယ်။ ဒါ့အပြင် ကုန်စေ◌ျးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အသက်ရှင်ဖို့ကိုပင် ရုန်းကန်နေရတယ်လို့ဆိုပါတယ်။ “ကုန်ဈေးတွေကလည်းတက်လာတဲ့အချိန် အရာရာကိုချွေတာပြီး သုံးစွဲနေရတယ်၊ အမျိုးသားရေး အတွက်လူမှုရေးအတွက် ရည်ရွယ်ထားတဲ့ ပန်းတိုင်ထက် အသက်ရှင်ဖို့ ရုန်းကန်နေရတယ် ” လို့ စိုင်းအိုက်ခေး ကညီးထွားပြီး ပြောလာပါတယ်။ အာဏာသိမ်းခံရပြီးနောက် သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးက လူငယ်တွေဟာ ဝေဝါးတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့ သူတို့ အိပ်မက်ပန်းတိုင်ကို စွန့်လွတ်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ကြပါတယ်။ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ လူငယ်လူရွယ်များစွာဟာ အရောင်မတူ ယုံကြည်ချက်ခြင်း မတူညီကြပေမယ့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မိမိလူမျိုး မိမိတိုင်းပြည်ကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒတွေက တူညီနေတာကို တွေ့မြင်ရပါတယ်။

သျှမ်းပြည် ဘဏ်ငွေထုတ်ယူမှု ပိုခက်ခဲလာပြီး၊ စီပွားရေး ကြပ်တည်းလာ

စစ်အာဏာသိမ်းယူမှု ရက်ပေါင်း (၁၀၀) နီးပါးရှိလာပြီး မြန်မာတဝှမ်းရှိ ဘဏ်ရှေ့တွင် မိမိဘဏ်အပ်ငွေများ ပြန်လည်ထုတ်ယူရန် မိုးမလင်းခင်ကတည်းက တန်းစီ စောင့်ဆိုင်းနေရကြောင်း သိရသည်။ မတ် ၁ရက် မှစတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ATM/ POS ငွေသားထုတ်တဦးလျှင် ကျပ် ၅သိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူလျှင် တဦးချင်း အတွက်...

ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ...

တောင်ကြီး လူငယ်(၄)ဦး ကျဆုံး၊ အမျိုးသမီး တဦးပါ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၂၅)ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး တဦး ပါရှိကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၂၅)ရက်မှာ အကြမ်းဖက် စစ်ကောင်စီသည် တောင်ကြီးတမြို့လုံးနီးပါးရှိ ဆန္ဒပြသပိတ်များကို ကျည်အစစ်သုံးကာ ဖြိုခွင်းမှုပြုလုပ်သဖြင့် လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင်...

ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို

ဘာသာရေး အဆောက်အဦး များကို ပြန်ဖွင့်ခွင့်ပေးသော်လည်း တောင်ကြီးခရိုင်အတွင်းရှိ စေတီပုထိုးများရှိ အလှူငွေကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ဂေါပကများကပြောဆိုလိုက်သည်။ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လူသွားလာမှုများသည့်နေရာများကို ပိတ်ဆိုင်းခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်အစိုးရ က စေတီဘုရားကျောင်းများအပါဝဝင် ဘာသာရေး ကျောင်းအဆောက်အဦးများ၊...

မိုင်းရှူးမြို့နယ်က ကျောင်းသူ (၃)ဦး စစ်အာဏာကို ဆန္ဒပြပြီး အပြန် ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် ဝမ်ကန်တောင်ပေါ် တွင် ယနေ့ (ဖေဖော်ဝါရီ ၂၂)ရက် ၂ငါးလုံး ပြည်လုံးကျွတ်စစ်အာဏာရှင် ဆန္ဒပြအပြန် ရဲတပ်ဖွဲ့ က ဆန္ဒပြ ကျောင်းသူ (၃) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။ ထိုဖမ်းဆီးခံရသည့် ကျောင်းသူ (၃)ဦးသည် ၁၀တန်း အရွယ်သာရှိသေးပြီး၊ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒထုတ်ဖော်ပြီး...

Latest news