တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။

ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင် ကျင်းပနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းလက်အောက်ခံများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး NCA နောက်ခံသမိုင်းကြောင်းနှင့် ရွေးကောက်ပွဲ အကြောင်းအရာများကို နာရီဝက်ကျော် မိန့်ခွန်းပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ကျနော်ကိုယ်တိုင် တချို့ဟာတွေ သဘောတူညီချက် ပေးပါတယ်။ ကျနော်ရဲ့ ဆန္ဒက တိုင်းပြည်အေးချမ်းပြီး တိုးတက်စေချင်တယ်၊ ဘာဖြစ်လို့ နောက်ကျကျန်ခဲ့ရမလဲ။ ဒါကြောင့် ဖြစ်နိုင်သမျှ ကျနော်တို့ဘက်က လုပ်ပေးမယ်၊ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဖို့ လုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီးတော့မှ လုပ်နေလို့ မရပါဘူး”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့သည်။

ပုံစာ -NCA ၁၀ နှစ်ပြည့်အခမ်းအနား တက်ရောက်လာသူများ

အဆိုပါ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း၊ DKBA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ နော်ကပေါ်ထူး၊ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ NMSP-AD မှ နိုင်အောင်မင်း နှင့် ကိုယ်စားလှယ်များလည်း တက်ရောက်နေသည်။

အလားတူ စစ်ကော်မရှင် ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အသိသက်သေများနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ တက်ရောက်လျက်ရှိသည်။

ထိုအထဲတွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းလည်း မိန့်ခွန်းပြောကြားခဲ့ရာ စစ်ကော်မရှင် ရွေးကောက်ပွဲအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် နည်းပညာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အိန္နိယသံအမတ်နှင့် ထိုင်းသံအမတ်ဟောင်းတို့လည်း မိန့်ခွန်းပြောကြားခဲ့သည်။

လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်း(၃) ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပထမအကြိမ် (၁၀၂) မြို့နယ်၊ ဒုတိယအကြိမ် (၁၀၀) မြို့နယ်နှင့် တတိယအကြိမ်တွင် ကျန်မြို့နယ်များတွင် ပြုလုပ်မည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

“ကျနော်တို့ ပထမအကြိမ်မှာတော့ ၁၀၂ မြို့နယ်ပေါ့၊ ဒုတိယအကြိမ်မှာ ၁၀၀ ကျနော်တို့ လုပ်ပါမယ်။ ကျန်တဲ့မြို့နယ်တွေကတော့ တတိယအကြိမ်မှာလုပ်ပါမယ်၊ ရာနှုန်းပြည့်တော့ ကျွန်တော်တို့ မရဘူးဆိုတာ ကြိုတင် ကျနော် ဝန်ခံထားပါတယ်။ ရာနှုန်းပြည့်တော့ ‌ရွေးကောက်ပွဲ သုံးရပ်လုံးမှာလည်း ရာနှုန်းပြည့် မလုပ်နိုင်ခဲ့ပါဘူး” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ပုံစာ -NCA ၁၀ နှစ်ပြည့်အခမ်းအနား တက်ရောက်လာသူများ

အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သည့် မြို့နယ်များကိုလည်း နောင်လာမည့် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်များက ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံပြုလုပ်ကာ အားလုံးပါဝင်နိုင်ရန် လုပ်ဆောင်သွားမည်ဟု စဉ်းစားထားကြောင်း စစ်ခေါင်းဆောင်က ထပ်လောင်းပြောဆိုခဲ့သည်။

ယခုအခမ်းအနား မတိုင်မီ အောက်တိုဘာ ၁၃ ရက်တွင် နေပြည်တော်၌ စစ်ကော်မရှင် ပြုလုပ်မည့် NCA စာချုပ် ၁၀ နှစ်ပြည့် အခမ်းအနားကို ကုလသမဂ္ဂ UN ၊ အာဆီယံ ASEAN နှင့် နိုင်ငံတကာ သံတမန်များ မတက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ဖြစ်သည့် KNU ၊ ABSDF ၊ CNF ၊ NMSP-AD ၊ PNLO ၊ LDU တို့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများနှင့် ရည်မှန်းချက်များကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားစေကြောင်း ထည့်သွင်းရေးသားထားသည်။

ပုံစာ -NCA ၁၀ နှစ်ပြည့်အခမ်းအနား တက်ရောက်လာသူများ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...