စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ မဲနှိုက်ခြင်း၊ စစ်မှုမထမ်းနိုင်လျှင် ငွေကြေးလစဉ် ထည့်နေကြရသည်။

စစ်အာဏာသိမ်းပြီးနောက် မဲနယ်တောင်ဒေသ အတွင်း စစ်ရေးပဋိပက္ခဒဏ်အပြင် သဘာဝပတ်ဝန်းကျင်ဒဏ် ဖြစ်သည့် ရေကြီးမှုဒဏ်ကိုလည်းခံရကာ စိုက်ပျိုးရေးလုပ်ကိုင်မှု ခက်ခဲနေသည့်ကြား PNO ထံ နှစ်နှစ်ဆက်တိုက် စစ်မှုထမ်းကြေး ထည့်ခဲ့ရသည်။

ထို့ကြောင့် ယခုနှစ်အတွင်း ဘက်ပေါင်းစုံ ခက်ခဲမှုကြား စစ်ကော်မရှင်အတွက် တစ်အိမ်လျှင် ကျပ်ငွေ ငါးသောင်းနှင့် PNO အတွက် လက်နက်ဖိုး၊ ကျည်ဆံဖိုးနှင့် စားသောက်စရိတ်အတွက် တစ်အိမ်လျှင် ကျပ်ငွေ ငါးသောင်း ထပ်မံထည့်ရသည်။

“ ကျနော်တို့ မှာက စစ်ဒဏ်ရော ရေဘေးဒဏ်ရော ခံရတာ ဘာမှ စိုက်ပျိုးလို့မရဘူး။ ဒါကြားထဲ PNO ရော စစ်တပ်ကိုရော စစ်မှုထမ်းကြေးထပ်ပေးရတယ်။ ကျနော်တို့ မပေးနိုင်ရင် ရွာကနေ မောင်းထုတ် အရေးယူမှာ ကြောက်တယ်။ လကုန်ရင် အကြွေးရှင်က အကြွေးလာတောင်းသလိုပဲ” ဟု မဲနယ်တောင် ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုမဲနယ်တောင်ဒေသအတွင်းရှိ စငေါကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုသည် ၂၀၂၄ခုနစ် စက်တင်ဘာလအတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေဘေးသင့် ဒဏ်ခံခဲ့ရကာ ယနေ့ချိန်အထိ နလန်မထူနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကော်မရှင်နှင့် PNO တို့ အပြိုင်အဆိုင် စစ်မှုထမ်းကောက်ယူလာမှုကြောင့် လူငယ်များသည် မဲနယ်တောင်ဒေသကို စွန့်ခွာပြီး နယ်စပ်ဒေသသို့ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြသည်။

ထို့ကြောင့် စစ်မှုထမ်းရန် လူငယ်မရှိသည့် နောက်ပိုင်း ၎င်းတပ်ဖွဲ့များသည် စစ်မှုထမ်းကြေးဟု နာမည်ထပ်မံပြောင်းလဲ ကောက်ယူလာကြသည်။

“ လူငယ်တွေမရှိတော့။ လူကြီးတွေ ဆီကို စစ်မှုထမ်းကြေးကောက်တယ်။ အလုပ်ကမရှိ စားစရာမရှိကြား PNO နဲ့ စစ်တပ်ကို နေ့စားလိုက်ပြီး ထည့်ရတာပဲ။ လတိုင်းမထည့်နိုင်ကြဘူး” ဟု အသက် ၄၀အရွယ်ရှိ မဲနယ်တောင်ဒေသ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရေးဘေးသင့်သူများကို ဂျပန်နိုင်ငံ အဖွဲ့အစည်း တစ်ခုမှ တစ်အိမ်လျှင်ကျပ် ငါးသောင်းလာရောက်လှူဒါန်းခဲ့သော်လည်း PNA တပ်သားများက လာရောက်သိမ်းယူသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီ (၁၇)ရက်မှ စပြီး PNO/PNA တပ်သားများသည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများထဲသို့ အသုံးမပြုသော စက်များ၊ လက်ကြိတ်စက်များ၊ ရေအားဖြင့် အလိုအလျောက်မောင်းထောင်းသည့် စက်၊ ဆိုင်ကယ်များရှိသည့်နေအိမ်များကို လစဉ် အခွန်(ဆက်ကြေး)လိုက်လံကောက်ယူနေပြီး၊ မပေးဆောင်နိုင်လျှင် နေအိမ်ဖယ်ရှားသွားမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...