စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​

အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​

” မူးယစ်ဆေးတွေက ပေါ်ပေါ်ထင်ထင်ရောင်းချ၊သုံးနေတာ၊ ဖမ်းရင်လည်း ဟန်ပြဖမ်းတယ်။ ပြီးရင် ပိုက်ဆံပေးလိုက်ရင် ပြန်လွှတ်လာတာပဲ။ အရမ်းကို များလာတယ်” ဟု အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဉီးက ဆိုသည်။

အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများလာသဖြင့် မကြုံစဖူး ခိုးဆိုးလုယက်မှုများလည်းကြုံနေရသည်။

ထို့အပြင် လက်ရှိတွင် ကုန်စျေးနှုန်းများမြင့်တက်လာသော်လည်း မူးယစ်ဆေးပြားစျေးနှုန်းသည် တပြားလျှင် ကျပ်ငွေ တစ်ထောင်သာရှိကြောင်း သိရသည်။

” ကုန်စျေးနှုန်းတွေက မြင့်ပေမယ့် မူးယစ်ဆေးက တပြားမှ တစ်ထောင်ကျပ်ပဲရှိတာ။ အခုက ကြက်ဉတစ်လုံးတောင် ၅၀၀ကျပ်ဖြစ်နေပြီလေ။ လွယ်လွယ်လည်းရတော့ ပိုသုံးကြတာပေါ့” ဟု ၎င်းကဆိုသည်။​

Drug banner

ပြီးခဲ့သည့် အောက်တိုဘာလ မှစ၍ မူးယစ်ဆေးဝါးရောင်းချ သူများကို စစ်ကော်မရှင်က ဖမ်းဆီးမှုလုပ်ဆောင်ခဲ့ပြီး အလားတူ PNOဘက်မှလည်း မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း PNOမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

“အင်းလေးထဲမှာ မှမဟုတ်ဘူး နေရာ တော်တော်များများမှာ မူးယစ်ဆေး သုံးစွဲသူ ပိုများလာတယ်။ ဒါကို ကျနော်တို့လည်း သုံးစွဲသူ လျော့နည်းအောင် အရေးယူတာမျိုး လုပ်ဆောင်မယ်၊သုံးစွဲတဲ့သူ တွေ့ရင်တော့ ဖမ်းဆီးတာတို့ အရေးယူတာမျိုးလုပ်မယ်။”ဟု အဆိုပါ သတင်းနှင့်ပြန်ကြားရေး ခွန်ဆန်းအောင်က ပြောသည်။

အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသည့်နေရာကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ စုစုပေါင်း ၁၁ ဉီး ဖမ်းဆီးရမိခဲ့သည်။

ထိုထဲတွင် မူးယစ်ဆေးသုံးစွဲသူ ၁၀ ဉီးကို ညောင်ရွှေမြို့နယ် နန်းပန်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကျန်မူးယစ်ဆေးရောင်းချသူ တစ်ဉီးကို ကျပ်ငွေ သိန်း ၈၀ ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...