အင်းလေး
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။ " မူးယစ်ဆေးတွေက...
ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။
ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...
အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...
အင်းလေး နေရပ်ပြန်စစ်ရှောင်များကို PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA က နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။
အင်းလေး ငလျင်ဘေး ၊ ရေဘေးသင့်ကြား ဖောင်တော်ဦးဘုရားပွဲ ကျင်းပမည်
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ငလျင်ဘေး၊ ရေဘေးသင့်နေသည့်ကြားမှ ဖောင်တော်ဦးဘုရားပွဲကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့ ဦးစီးပြီး ကျင်းပသွားမည်ဟု သတင်းရရှိသည်။ လာမည့် စက်တင်ဘာလ ၂၂ ရက်မှစပြီး အောက်တိုဘာလ ၉ ရက်အထိ အင်းလေး ဒေသတွင် ဖောင်တော်ဦး ဘုရားပွဲကို ၁၈ ရက်ကြာ ကျင်းပ...
အကြွေးယူပြီး စိုက်ထားသည့် စိုက်ခင်းများရေမြှုပ်သော်လည်း နေ့စားလိုက်ဆပ်နေရ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အကြွေးယူပြီး စိုက်ပျိုးထားသည့် စိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားသော်လည်း ဒေသခံများ နေ့စားလိုက်ပြီး အကြွေးပြန်ဆပ်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် (၁၀)ရက် မိုးဉီးကျချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် အင်းလေးကန် ရေကြီးမှုဖြစ်ပွားကာ အကြွေးယူပြီးစိုက်ပျိုးထာားသည့် သီးနှံများ ရိတ်သိမ်းရန် ရက် ၂၀...
မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်
ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း...
အင်းလေး ရုတ်တရက် ရေမြင့်တက်မှုကြောင့် မြေပဲစိုက်ခင်းရေမြှုပ်
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးထဲတွင် ရုတ်တရက် ရေမျက်နှာပြင် ၉ ပေခန့် မြင့်တက်လာသဖြင့် မြေပဲစိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့မှ စပြီး ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် အင်းလေးဒေသတွင် ရုတ်တရက် ရေ (၄)ပေခန့် မြင့်တက်လာနေပြီး ဒေသခံများစိုက်ပျိုးထားသည့်...
အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...





