အင်းလေး
ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာနှင့် ရေပူကျေးရွာဖက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီဘက်မှအပစ်ခတ်ရပ်စဲရေး ကို မေ ၃၁ရက် အထိ ထပ်မံတိုးထားသော်လည်း အင်းလေးဒေသဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “စံကားအရှေ့ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတယ်။ ရေပူတို့ ညောင်လေးပင်တို့ဖက်မှာတော့...
အင်းလေး ကျေးရွာအချို့ အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ
Eugene -
သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရသူများ များပြားလာနေပြီး ဆရာဝန်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သတင်းရရှိသည်။ ယခု မေလ ပထမပတ်အတွင်း အင်းလေးဒေသအတွင်းရှိ လယ်သစ် (၃) ရွာတွင် လူဦးရေ (၆၀) ကျော်အထိ ဝမ်းရောဂါခံစားလာနေရကြောင်း အချို့အိမ်များတွင်...
အင်းလေးဒေသ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေးပြားရောဂါများ ဖြစ်ပွားနေ
သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်ဒဏ်ကြုံပြီးနောက် သောက်သုံးရေးမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေပြားရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ဒုတိယပတ်မှ စတင်၍ ရာသီဥတုအကူပြောင်းများကြောင့် ငလျင်ဘေးသင့် အင်းလေး ဒေသခံများ ဖျားနာခြင်းများကို ခံစားနေရသည့်အပြင်၊ သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း အရေပြားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောများ စတင်ဖြစ်ပွားနေကြောင်း ကိုယ်တိုင်းကြုံတွေ့နေသည့် အသက် ၃၀...
အင်းလေးဒေသ ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထားပြောင်းလဲမှုရှိ၊ အိမ်ပြန်ဆောက်ရန် အခက်တွေ့
သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထား ပြောင်းသွားခြင်းကြောင့် အိမ်ပြန်ဆောက်ရန် အခက်တွေ့နေကြကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ်များစွာပြိုကျ ပျက်စီးခဲ့ရသည်။ ထိုပြိုကျပျက်စီးသွားသည့် နေအိမ်များကို ဖြိုဖျက်ပြီး လက်ရှိတွင် ဝါးအိမ်များကို အစားထိုး ပြန်လည်တည်ဆောက်နေကြသည်။ ထိုငလျင်လှုပ်ခက်ခဲ့သည့်အတွက်ကြောင့်...
အင်းလေးဒေသ ငလျင်ဘေးသင့် နေအိမ်များ မိုးမကျမီ ပြန်ဆောက်ရန် လိုအပ်နေ
SHAN -
အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ နေအိမ်အများစု အလုံးစုံပျက်စီးသွားသောကြောင့် မိုးမကျခင် အချိန်မီပြန်ဆောက်ရန် လိုအပ်နေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ အင်းလေးဒေသတွင် ကျေးရွာပေါင်း ၄၄၅ ရွာရှိသည့်အနက် ကျေးရွာ ၂၀ ကျော်ရှိ နေအိမ်အများစု အလုံးစုံပျက်စီးနေကြောင်း၊ မိုးမကျခင် အချိန်မီပြန်ဆောက်ရန် လိုအပ်ကြောင်း အင်းလေးဒေသခံ...
ဘေးဒဏ်ပေါင်းစုံ သင့်နေသည့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် များစွာအကူညီလိုအပ်နေ
ရာဂီမုန်တိုင်းကြောင့် ပြီးခဲ့သည့် ယမန်နှစ်က ရေးဘေးဒဏ်သင့်ခဲ့သော သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ယခုတစ်ခါတွင် အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ထောင်ချီ နေအိမ်၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံးသူ တစ်ရာကျော်ထိရှိကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး...
“ရေနစ်တာထက် တအိမ်လုံးပြိုကျပြီး ရေအောက်ထဲပိသွားတဲ့အတွက် မိသားစုလိုက်ပါသွားတယ်”
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်သည် မတ် ၂၈ရက်မွန်းလွဲပိုင်းတွင်လှုပ်ခတ်ခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့တွင် အထိအခိုက်ပျက်စီးဆုံးရှုံးမှု နှင့် လူအသေပျောက်အများဆုံးဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း သွားရောက်ကူညီကြသည်။ အလားတူ သျှမ်းပြည်တွင်းလည်း ငလျင်ဒဏ်ကြောင့် တောင်ကြီး...
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း ထိခိုက်ပျက်စီးမှုများပြားပြီး လူသေဆုံးမှုများလည်းမြင့်တက်နေ
Eugene -
ယနေ့ (မတ်လ ၂၈) နေ့လယ်ပိုင်းတွင် စစ်ကိုင်း ရေခါးအင်း စာရေးရွာအနီး ဗဟိုပြု၍အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းထန်အင်အားရှိသော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အချို့နေရာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပျက်တောက်နေပြီး အဆက်အသွယ်များမရရှိကြောင်း ညောင်ရွှေမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့...
အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...
အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...





