PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။

ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့ စာရင်းပေးပို့ကာ ခွင့်ပြုချက်စောင့်ရမည်ဖြစ်သဖြင့် လုပ်ငန်းစဉ်များ ကြန့်ကြာလာနိုင်ကြောင်း သံရုံးနှင့်နီးစပ်သည့် အကျိုးဆောင်များထံမှ သိရသည်။

လက်ရှိအချိန်ထိ မြန်မာသံရုံးဘက်က အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထွက်ပေါ်မလာသေးပေ။

သို့သော်လည်း သံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အေဂျင်စီများနှင့် ကုမ္ပဏီများ၏ သီးသန့်အဖွဲ့ (Group) များအတွင်း၌ အဆိုပါ မူဝါဒအပြောင်းအလဲကို အကြောင်းကြားထားပြီးဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ဦးမင်းထွန်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခုလောလောဆယ်ကတော့ စာထုတ်တာ၊ မထုတ်တာထက်ကို လက်တွေ့မှာ ဘာတွေလုပ်လို့ရပြီလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။ လက်တွေ့မှာ သွားလုပ်တဲ့သူတချို့ မရဘဲ ပြန်လှည့်လာရတာတွေ ရှိနေပြီလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ နေပြည်တော်သို့ တင်ပြစိစစ်ရမည့် လုပ်ငန်းစဉ်သစ်သည် သာမန်အလုပ်သမားများနှင့် ကျောင်းသားများထက် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းဖြစ်နိုင်ကြောင်း ဦးမင်းထွန်းက ဆက်ပြောသည်။

“သာမန်ရိုးကျ ကျောင်းသားတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့သူတွေပဲဖြစ်ဖြစ် PV ကိုင်ကိုင်၊ PJ ကိုင်ကိုင် ဘာမှပြဿနာ မရှိလောက်ဘူး။ အဓိက သူတို့ပစ်မှတ်ထားတာကတော့ နိုင်ငံရေးလုပ်တဲ့သူတွေကို အကျပ်ကိုင်ဖို့ အနေအထားတစ်ခုလို့ မြင်ပါတယ်” ဟု ဦးမင်းထွန်းက သုံးသပ်သည်။

နေပြည်တော်၏ စိစစ်မှုများကြောင့် ပတ်စ်ပို့အသစ်ရရှိရန် အနည်းဆုံး ၂ လမှအထက် ကြာမြင့်သွားနိုင်ပြီး၊ အဆိုပါလုပ်ငန်းစဉ်သည် ဖြတ်လမ်းနည်းဖြင့် လုပ်ကိုင်လိုသည့် ပွဲစားဈေးကွက်ကို ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောကြသည်။

မြေပြင်အခြေအနေတွင် ပတ်စ်ပို့လဲလှယ်ရန်အတွက် ပွဲစားခ ဘတ်ငွေ ၂ သောင်း (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၂၅သိန်း) မှ ၃ သောင်း (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၃၈ သိန်းကျော်) အထိ ပေးဆောင်နေရသူများ ရှိနေကြောင်း သိရသည်။

“သံရုံးမှာ လဲလို့မရတာရော၊ ကြာတာရောကြောင့် နယ်စပ်ဆင်းပြီး ဘတ်ငွေအများကြီးပေးကာ ပြန်လုပ်နေရသူတွေရှိတယ်။ မြေပြင်မှာဖြစ်နေတာနဲ့ အပေါ်က မူဝါဒတွေက တခြားစီပဲ” ဟု ဦးမင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်အပြီးတွင် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသည် ပတ်စ်ပို့သက်တမ်းတိုးရန် ခက်ခဲခြင်း၊ အခွန်ပေးဆောင်ရန် ဖိအားပေးခံရခြင်းနှင့် စစ်မှုထမ်းဥပဒေကြောင့် နေရပ်ပြန်ရန် စိုးရိမ်ခြင်း စသည့် အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...