အင်းလေး ငလျင်ဘေး ၊ ရေဘေးသင့်ကြား ဖောင်တော်ဦးဘုရားပွဲ ကျင်းပမည်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ငလျင်ဘေး၊ ရေဘေးသင့်နေသည့်ကြားမှ ဖောင်တော်ဦးဘုရားပွဲကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့ ဦးစီးပြီး ကျင်းပသွားမည်ဟု သတင်းရရှိသည်။

လာမည့် စက်တင်ဘာလ ၂၂ ရက်မှစပြီး အောက်တိုဘာလ ၉ ရက်အထိ အင်းလေး ဒေသတွင် ဖောင်တော်ဦး ဘုရားပွဲကို ၁၈ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

ငလျင်ဘေးနှင့် ရေဘေးဒဏ် နလန်မထူနိုင်သေးသည့်ကြား အင်းလေး ဖောင်တော်ဦးဘုရားပွဲကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်များက ဦးစီးပြီး ငလျင်ဘေးသင့်ဒဏ်နှင့် ရေဘေးသင့်ဒဏ်ခံနေရသည့် ပြည်သူများကြား ပိုက်ဆံကောက်ယူနေကြောင်း အသက် ၂၀ကျော်အရွယ်ရှိ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟိုနေ့ကတော့ ၁ သောင်းထည့်လိုက်ရတယ် ခုရွာမှာ အကောက်ခံအရမ်းများနေတယ် ကျောင်းအုပ်ကြီးကကောက်လိုက် စစ်မှူထမ်းကကောက်လိုက်၊ ဘုန်းကြီးကျောင်းကကောက်လိုက်စိတ်ပျက်စရာကြီး။ ရေကလည်း တက်လိုက်ပဲ ကိုယ့်အိမ်မမြုပ်အောင်တောင် ဆုတောင်းနေရတာ။” ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ငလျင်လှုပ်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းများကိုလည်း ပြင်ဆင်ရမည်ဖြစ်ပြီး ဆွဲလှေများကိုလည်း ပြင်ရမည်ဖြစ်သောကြောင့် အနည်းဆုံး ကျပ်သိန်း ၅၀ ကုန်ကျနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးး ၅ နှစ်တာ ကာလအတွင်း ဖောင်တော်ဦးဘုရားပွဲတော်ကို ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ်သာလျှင် ကျင်းပခဲ့ကြောင်းနှင့် ထိုကျင်းပမည့်အချိန်၌ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ရှောင်များကို အတင်းအဓမ္မ နေရာဖယ်ခိုင်းမှုများ လုပ်ဆောင်နေကြောင်း အသက် ၃၀ ဝန်းကျင် အင်းလေးလူငယ် အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ တစ်ကြိမ်ပဲကျင်းပဖူးသေးတယ်။ဒေသခံတွေက စီးပွားရေး အဆင်မပြေဘူး။ ကျွေးမွေးစရိတ်တွေ လည်း ထည့်ရအုံးမှာ။ စစ်လှေပြင်ဖို့ အတွက်လည်း ထည့်ရအုံးမှာ။ ဘုရားပွဲကလည်း ၅ နှစ်အတွင်းမှာ တစ်ကြိမ်ပဲ ကျင်းပဖူးသေးတာ။ တစ်ချို့ကတော့ ပျော်ကြမှာပေါ့။ တစ်ချို့ကျတော့ ရေဘေးရော ငလျင်ဘေးရော ဒုက္ခပေါင်းစုံ ကြုံနေရတော့ မပျော်နေကြဘူး။” ဟု အဆိုပါ အမျိုးသား ကပြောသည်။

အင်းလေး ငလျင်ဘေးသင့်နေအိမ်များ

ဆက်လက်ပြီး ဘုန်းကြီးကျောင်းတွင် လာရောက်စစ်ရှောင်နေသူများကိုလည်း ဘုရားပွဲ ကျင်းပမည်ဆိုသောကြောင့် နေရပ်အတင်း ပြန်ခိုင်းနေမှုများလည်း ရှိနေကြောင်း နှင့် စစ်ကော်မရှင် မိသားစုများ ဘုရားပွဲလာရောက်လျှင်လည်း နေထိုင် စားသောက်ရန်အတွက်လည်း ပြင်ဆင်ထားရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က ဘုရားပွဲအတွင်း လုံခြုံရေးယူပေးသွားမည် ဖြစ်ပြီး ဒေသခံများကိုလည်း ဘုရားပွဲအတွက် ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း အင်းလေးဒေသ၌ မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင် နေရကြောင်းသိရသည်။

အင်းလေးကန် ရေကြီးမှုသည် အနီရောင်အဆင့်မှ ခရမ်းရောင် အဆင့်ထိ မြင့်မားနိုင်သဖြင့် ဒေသခံများ သတိပြုကာ အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ကြိုတင်သတိပေးမှုများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...