အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင် အင်းလေး တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်အငယ်ကောင်(ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် ရဲဘော် နှစ်ဉီး၏ ဖုန်းများကို အသုံးပြုကာ နယ်မြေအတွင်း ဖြန့်ကြက်လှုပ်ရှားနေသည့် အခြား တော်လှန်ရေးရဲဘော်နှင့် တော်လှန်ရေးအင်အားစုများကို ဖုန်းဆက်၍ ထောက်ချောက်ဆင် မျှားခေါ်မှု ပြုလုပ်နေကြောင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထောက်ချောက်ဆင် ဖမ်းဆီးမှုကြောင့် ပြီးခဲ့သည့် ဇွန်လ (၁၉)ရက်နေ့ ည (၇) နာရိ အချိန်တွင် CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦးသည် စက်မှုဇုန်မှ အင်းလေးဒေသအတွင်းသို့  ပြန်လာစဉ်စစ်ကော်မရှင် တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သိရသည်။

“စစ်တပ်က ဖမ်းသွားတဲ့ ရဲဘော်တွေကို စစ်တပ်က အသုံးချတာ၊ သူတို့ကို ဖုန်းလိုက်ဆက်ခိုင်းပြီး တမင်ထောင်ချောက်ဆင်တာ၊ အခုလည်း CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းကို ထပ်ဖမ်းသွားတယ်၊ခုထိတော့ တောင်ကြီးက (စရဖ)မှာ ထိန်းသိမ်းထားတယ်လို့သိရတယ်။”ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုကြောင့် ဖမ်းဆီးခံရသော ရဲဘော်နှစ်ဦး၏ ဖုန်းနံပတ်များမှ ဆက်သွယ်လာခြင်း၊ စာပို့လာခြင်းများရှိလျှင် ပြန်လည်ဆက်သွယ်ခြင်း မပြုလုပ်ကြရန်နှင့် စစ်ကော်မရှင်တပ်၏ ထောက်ချောက်ဖြစ်နိုင်သဖြင့် ဒေသတွင်း လှုပ်ရှားနေသော တော်လှန်ရေး အဖွဲ့ဝင်များအမြန်ဆုံး ရှောင်တိမ်းကြရန် အဆိုပါ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဉီးက အသိပေးပြောသည်။

ထို့အပြင် အင်းလေးဒေသတွင်း တော်လှန်ရေးရဲဘော်များ ဖမ်းဆီးခံရအောင် သတင်းပေးနေသူများကိုလည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြင်းထန်စွာ တုန့်ပြန်အရေးယူသွားမည်ဟု သတိပေးထားသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၉) တပ်ရင်းသည် အင်းလေးဒေသနှင့် ကရင်နီနယ်စပ်တွင် လှုပ်ရှားနေသည် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...