သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေ ရရှိမှုခက်ခဲပြီး သုံးစွဲရန် ရေများသည် သန့်ရှင်းမှုမရှိသောကြောင့် ငှက်ဖျားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားသူများလာကြောင်း အင်းလေးဒေသ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သဘာဝဘေးဒဏ်လည်းအကြိမ်ကြိမ်ခံရတော့ အင်းထဲကရေတွေကလည်း မသန့်တော့ဘူး။ အခုဆိုရင် ရေကို ဝယ်သောက်နေရတဘ်။ ချက်ပြုတ်ရင်တော့ အဲ့ရေပဲ။ တချို့ကတော့ အင်းရေပဲသုံးစွဲနေတာ့ ဝမ်းပြဿနာတွေဖြစ်လာတယ်။ အချို့လည်း ငှက်ဖျားဖြစ်လာတယ်။” ဟု ၎င်းက ဆိုသည်။

အင်းလေးဒေသအတွင်းနေထိုင်သူများသည် ယခင်က အင်းရေကိုသာ အမှီပြုပြီး နေ့စဉ်ဘဝကို ဖြတ်သန်းလာခဲ့ရာ သဘာဝဘေးဒဏ်ဖြစ်သည် ငလျင်လှုပ်ခတ်မှုနှင့်ရေကြီးမှုကြောင့်သောက်သုံးရေကို သုံးစွဲရန် ပြဿနာဖြစ်လာသည်။

ဘက်ပေါင်းစုံဒဏ်ကြောင့် အင်းလေးဒေသခံအချို့သည် အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်မှုများလည်းရှိလာသည်။

“အချို့ပိုက်ဆံသက်နိုင်သူကတော့ အခြားဒေသပြောင်းသွားတယ်။ ဒီလိုဖြစ်လာတာ ကြာပြီ၊ အဓိက ဝမ်းပျက်တာပိုဖြစ်များတယ်” ဟု အင်းလေးဒေသခံလူငယ်တစ်ဉီး သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် အင်းလေးဒေသတွင် ကျန်းမာရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အဖွဲ့စည်းများရှိပြီး အဆိုပါ ကျန်းမာရေးဆိုင်ရာ ကွင်းဆင်းလေ့လာသူ ပြောပြချက်အရ အင်းလေးဒေသတွင် ကျန်းမာရေး မကောင်းသူ တစ်အိမ်လျှင် တစ်ယောက်နှုန်း ရှိနေကြောင်း သိရသည်။

“ကျနော်တို့ ကျန်းမာရေးပိုင်းနဲ့ ရွာဘက်လေ့လာ ကွင်းဆင်းတဲ့အခါ တစ်အိမ်တစ်ယောက်နှုန်းက ကျန်းမာရေး မကောင်းဘူး၊ အဓိကအများဆုံးတွေ့ရတာက မွေးဖွားလာတဲ့ကလေးတွေရဲ့ ခန္ဓာကိုယ်ချို့တဲ့မှုပြဿနာပဲ။ အဓိက သူတို့နေထိုင် သုံးစွဲတဲ့ ရေနဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်မယ်လို့ ယူဆရတယ်။”လို့ ကွင်းဆင်းလေ့လာသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးဒေသတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း စဉ်များ ကို ဝိုင်းဝန်း လုပ်ဆောင်သင့်ကြောင်းနှင့် နှုန်းမြေများကို ဖောက်ထုတ်ရန် စက်ပစ္စည်းပံ့ပိုးမှုများလည်း လိုအပ်ကြောင်း အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းလုပ်ဆောင်နေသူ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

“မိုးနဲနဲကျလည်း ရေက တက်တက်လာတယ်၊ အောက်မှာ နှုန်းမြေတွေက များလာတယ်၊ အဲတာတွေကို ဖောက်ထုတ်ဖို့ စက်လိုအပ်တယ်၊ ရှိတဲ့စက်က ပျက်စီးနေပြီ သုံးမရတော့ဘူး၊ နိုင်ငံတော်အနေနဲ့လည်း အင်းလေးဒေသ ကြုံတွေ့နေရတာတွေကို သိစေချင်တယ်၊ လူအင်အား ငွေအင်အား တစ်ခုမဟုတ် တစ်ခု ကူညီဆောင်ရွက်ပေး စေလိုတယ်၊ မထိန်းသိမ်းရင် နောင်တချိန် အင်းလေးကန် ကွယ်ပျောက်သွားနိုင်ပါတယ်။”ဟု အဆိုပါ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

အင်းလေးဒေသတွင် နှစ်စဉ် ကျန်းမာရေးစောင့်လျှောက်မှုများ အခမဲ့ လိုက်လံစစ်ဆေးပေးစေလိုပြီး ရေသန့်စက် တည်ဆောက်ရန် လည်းအကူညီလိုအပ်နေကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ကျန်းမာရေး အသိပညာပေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ယခုလက်ရှိဖြစ်နေသော ရာသီတုတ်ကွေးများ၊ နာတာရှည် ကျန်းမာရေးချို့တဲ့သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးရန် အင်းလေး‌ဒေသ ခံ အမျိုးသားတစ်ဦးက တောင်းဆို အကြုံပြုထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သျှမ်းတောင် အင်းလေးဒေသတွင် များစွာ ထိခိုက်ပျက်စီးခဲ့ကြရသည်။

ထိုသို့ ငလျင်နောက်ဆက်တွဲ အနေဖြင့် မြေအနေထားနှင့် နှုန်းမြေများ ပိတ်ဆို့ ပြောင်းလဲမှုများကြုံရကာ မိုးအနည်းငယ် ရွာသွန်းလျှင်ပင် ရေများ တက်လာ၍ သွားလာ နေထိုင်မှုများ ခက်ခဲခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

အင်းလေးတွင် လက်သမားခ တစ်နေ့ ‌ကျပ် လေးသောင်းခွဲအထိရှိ ငလျင်ဒဏ်သင့် အိမ်အချို့ မပြုပြင်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ လေးသောင်းခွဲအထိ ပေါက်ဈေး ရှိနေသဖြင့် ငလျင်ဒဏ်သင့်အိမ် အချို့ယနေ့ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့သည်။ အင်းလေးဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါးအိမ်တစ်လုံး ဆောက်လုပ်ရန်...

အင်းလေးတွင် သဘာဝဘေဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့် စပါးစိုက်ပျိုးမှုများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ အင်းလေးဒေသအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ငလျင်ဒဏ်နှင့် ရေကြီး ရေလျှံမှုတို့ကြောင့် စပါးခင်း ဧက ရာချီ ပျက်စီးခဲ့ပြီး ဒေသခံများ စီးပွားရေးများစွာ ဆုံးရှုံးခဲ့ရသည်။ လွန်ခဲ့သည့် (၂)နှစ်...

ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူပြီး အင်းလေး တရားမဝင် ငွေတိုးချေးစားသူများက အဆမတန် အတိုးနှုန်းယူ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေသခံအချို့က တရားမဝင် ငွေတိုးချေးစေသည့် လုပ်ငန်းများကို လုပ်ဆောင်နေပြီး ငွေကြေးချေးယူသူများအပေါ် အနိုင်အထက် ပြုကျင့်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်းလေးဒေသ ဟဲယာရွာမကျေးရွာအုပ်စုအတွင်းရှိ ရှေ့ရပ်ကြီးရပ်ကွက်တွင် နေထိုင်သည့် မိသားစုနှစ်စုသည် တရားဝင်လိုင်စင်ရ အပေါင်ဆိုင်များ...