အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂) အရွယ် ကိုအောင်မျိုးဝင်းသည် ပိန္နဲကုန်းကျေးရွာသို့ သွားရောက်စဉ် စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီး မိသားစုဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လာရွေးခိုင်းရာ မိသားစုမှ သွားရောက်ခေါ်စဉ် ပြင်းထန်ဒဏ်ရာ ရရှိထားပြီး ဆေးရုံရောက်ချိန် သေဆုံးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစချင်း သိန်းတစ်ရာနဲ့ ရွေးခိုင်းတာ၊ ငွေက အဲ့လောက်မရှိတော့ ဆယ်သိန်း အရင်ပေးပြီး ခေါ်လာတာ။ သူ့ပေါင်တွေဆို ဓားနဲ့ ထိုးထားတာ ရစရာကို မရှိဘူး၊ ခြေဖနောင့်ကြောတွေ ဆိုလည်း အဖြတ်ခံထားရတာ။ နှိပ်စက်ထားတာ ရစရာကို မရှိဘူး၊ ဆိုင်ကယ်ပေါ် တင်ပြန်လာတာတောင် ဆိုင်ကယ်မှာ သွေးတွေချည်းပဲ။ ဆေးရုံရောက်တော့ ဆုံးသွားတာ”ဟု အဆိုပါ သတင်းရင်းမြစ် အမျိုးသားက ပြောသည်။

ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးသွားသည့် ကိုအောင်မျိုးဝင်း ဆိုသူနှင့် PNO အဖွဲ့ကြားတွင် အချိတ်အဆက် ရှိနိုင်ပြီး ပိန္နဲကုန်းရွာဘက်သို့လည်း မကြာခဏ သွားရောက်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရိုက်နှက်ခံရပြီး သေဆုံးသွားသူ ကိုအောင်မျိုးဝင်းတွင် ဇနီးနှင့် သားသမီးနှစ်ယောက် ကျန်ရှိခဲ့ကြောင်း သိရသည်။

ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့၏ လုပ်ရပ်သည် လူမျိုးရေးပြဿနာ ဖြစ်လာနိုင်ပြီး လူတစ်ယောက်ကို ယခုကဲ့သို့ သေဆုံးသည်အထိ မနှိပ်စက်သင့်ကြောင်း အင်းလေးဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ရွာသားတွေရော ကာယကံရှင် မိသားစုနဲ့ ပေါင်းပြီး အမှုတော့ ဖွင့်ထားတယ်။ ဒါက လူမျိုးရေး ဖြစ်လာတယ်ကော။ ဒီတိုင်းထားရင် တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတတ်လို့လေ။ လက်လွန်ပြီး ဆုံးသွားတာပေါ့။ အမှန်ဆို အပြစ်ရှိရင် ဒီလောက်ထိ မလုပ်သင့်ဘူး။ လုပ်တာလည်း တအားလွန်တယ်၊ သေသွားတာက အင်းသားလူမျိုးဆိုတော့ လူမျိုးရေးပြဿနာ ဖြစ်လာနိုင်တယ်”ဟု အင်းလေးဒေသခံ ၎င်းအမျိုးသားက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် မကျီးဆိပ်ရွာဘက်တွင် ညဘက် ကင်းလှည့်နေပြီး ညဘက်တွင် အပြင်ထွက်လာသူများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ယခုလက်ရှိ အင်းလေးဒေသတွင် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က နယ်မြေစိုးမိုးထားပြီး ၎င်းတို့တပ်စွဲထားသည့် ကျေးရွာများတွင် ပိုက်ဆံကောက်ခြင်း၊ ထမင်းထုတ်ပို့ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင်လည်း တောင်ကြီးမြို့ မြစိမ်းတောင်ပေါ်ရှိ ရွှေဘုန်းပွင့် ဘုရားဖူးပြီး ပြန်လာသည့် မိသားစု၏ ကားတစ်စီးရှေ့ကို PNO ပြည်သူ့စစ် အယောင်ဆောင် အုပ်စုဖွဲ့၍ ကားပိတ်ရပ်ပြီး အမျိုးသားဖြစ်သူကို ထိုးကြိတ်ရိုက်နှက်ကာ ဓားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...