ရွေးကောက်ပွဲအပြီး အင်းလေးတွင် စစ်မှုထမ်းပြန်ခေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲ အပြီး စစ်မှုထမ်းများ ပြန်လည်ခေါ်ယူနေကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလအတွင်း စစ်မှုထမ်းခေါ်ယူမှု ရပ်နားထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြီးနောက် ယခုလ ဖေဖော်ဝါရီလ ပထမပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၂၀)ကို အင်းလေးဒေသတွင် ထပ်မံခေါ်ယူနေသည်။

အဆိုပါ စစ်မှုထမ်းအတွက် လူစားထိုးရန် လူငှားရှာသော်လည်း ယခင် စစ်မှုထမ်း အမှတ်စဉ် (၁)မှ လူငယ်များ ပြန်မရောက်လာကြ သေးသဖြင့် လူစားထိုး သွားမည့်သူ မရှိတော့ကာ ငွေကျပ် သိန်း၁၀၀ ပေးပြီး ငှားရမ်းလျှင်လည်း သွားမည့်သူ နည်းပါးကြောင်း ဒေသခံများက ပြောသည်။

“စစ်မှုထမ်းက စခေါ်နေပြီ အရင်လို လူငှားဖို့ လူရှားသွားပြီ၊ အရင်ကဆို ပိုက်ဆံ သိန်း ၅၀ လောက်နဲ့ လူစားထိုး ခေါ်လို့ရ၊အခု သိန်း ၁၀၀ ပေးရင်တောင် လိုက်မဲ့သူ မရှိတော့ဘူး၊ မဲပါတဲ့သူလည်း သွားချင်တဲ့သူ မရှိဘူး။”ဟု အင်းလေး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် ယခင် အမှတ်စဉ် (၁၉)မှ စစ်မှုထမ်းကြေးများကို ယနေ့အထိ တစ်အိမ်လျှင် ငွေကျပ် နှစ်သောင်းစီ လစဉ်လတိုင်း ထည့်နေရသေးသောကြောင့် စစ်မှုထမ်း နောက်တစ်သုတ်အတွက် ငွေကြေး မတတ်နိုင်ကြကြောင်း ၎င်းက ဆက်ပြောသည်။

စစ်မှုထမ်းကြေးများကို အချို့သော ကျေးရွာများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကောက်ပေးပြီး ထည့်ပေးသော်လည်း စစ်မှုထမ်း သွားရောက်သူထံ အပြည့်ဝ မရကြောင်း သိရှိရသည်။

လက်ရှိတွင် အမျိုးသားအပြင် အမျိုးသမီးများကိုပါ စစ်မှုထမ်းခေါ်ဆိုမည်ဟု သတင်းထွက်ပေါ်လာသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။

“စစ်မှုထမ်းက ခဏခဏခေါ်နေတော့ ဘယ်အချိန် အမျိုးသမီးတွေ ထခေါ်မှာလဲ စိတ်ပူနေရတာ၊ နိုင်ငံရေးအခြေအနေက မကောင်းတော့ ပေါ်တာဆွဲတာတို့ အတင်းစစ်သားစုဆောင်းတာ တို့ လုပ်ခံရမှာကြောက်တယ်။ အာမခံ ရှိပြီး သူတို့ သတ်မှတ်ထားတဲ့ နှစ်ကာလပြီးရင် ပြန်ခိုင်းရင်တော့ ဝင်မဲ့သူ ရှိကြမှာ အခုက သူတို့က ဘာအာမခံချက်မှ မရှိဘူး။”ဟု အင်းလေး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်မှုထမ်းအတွက် လူစားထိုးဝင်ကြသူ အများစုသည် ငွေကြေးခက်ခဲပြီး ဝေးလံသည့် အခြားသော ဒေသမှ လူငယ်များက အခကြေးငွေဖြင့် စစ်မှုထမ်း အငှားလိုက်ကြသူများ ဖြစ်သည်။

အလားတူ တောင်ကြီးမြို့၊ ရတနာသီရိ ရပ်ကွက်တွင်လည်း စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း အကြောင်းပြ၍ ရပ်ကွက်နေ ပြည်သူများထံမှ တစ်အိမ်လျှင် ငွေကျပ် တစ်သိန်း လစဉ် ကောက်ခံနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင်လည်း ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့က အင်းလေးဒေသ စစ်မှုထမ်းကြေးအတွက် တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းတောင်းခံပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်း ပို့ဆောင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...