ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ပထမပတ်မှစ၍ ယနေ့ (နိုဝင်ဘာလ ၈ ရက်) အထိ အင်းလေးဒေသတွင် စစ်ရှောင်နေသော ဘုရားတောင်၊ ရေပူ၊ တောင်ပို့ကွဲကျေးရွာများမှ ဒေသခံများ ၎င်းတို့နေရပ်သို့ ပြန်လာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လူတစ်ယောက် အတွက် တစ်လလျှင် ငွေကျပ် ငါးသိန်း ကောက်ခံနေပြီး ထိုသို့ မပေးနိုင်ပါက PNO ပြည်သူ့စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သိရသည်။

“တစ်လကို ငါးသိန်း ထည့်နေတာ ၃ လ ရှိနေပါပြီ။ တစ်လ ငါးသိန်း ဝင်ငွေက မရှိဘူး၊ ရသမျှစုပြီး သူတို့ကိုပဲ ထည့်နေရတယ်။ မဟုတ်ရင် ရှေ့တန်းရောက်ကုန်တာ၊ ရှေ့တန်းသွားပြီး ပြန်လာတဲ့သူလို့လည်း မကြားဖူးဘူး” – ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးဒေသတွင် PNO တပ်စွဲထားပြီး ပြည်သူများကို ထမင်းထုတ် ပို့ခိုင်းခြင်း၊ ပြည်သူပိုင် စက်လှေများကို ချောဆွဲယူဆောင်ခြင်း တို့ကိုလည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ PNO က သူတို့ကို စစ်မှုထမ်းမခေါ်ဘူး၊ သူတို့အသိစိတ်နဲ့ သူတို့ ဝင်ကြတာ။ သူတို့က ကိုယ့်ဒေသကို ကာကွယ်ဖို့ အသိစိတ်နဲ့ ဝင်ကြတာ။ ပိုက်ဆံတွေ ဘာတွေလည်း ဘာမှ မကောက်ဘူး” – ဟု PNO ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူး ခွန်ဆန်းအောင်က ပြောသည်။

သို့သော် စက်တင်ဘာလ ၂ ရက်နေ့က ညောင်ရွှေမြို့နယ်၊ မကျီးဆိပ်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ကိုအောင်မျိုးဝင်းသည် ပိန္နဲကုန်းကျေးရွာသို့ သွားရောက်စဉ် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

၎င်းနောက် မိသားစုဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ရာ၊ မိသားစုက သွားရောက် ခေါ်ယူစဉ် ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး ဆေးရုံရောက်ချိန်တွင် သေဆုံးခဲ့ကြောင်း သတင်းများ၌ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...