ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။

ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။

“ လုံခြုံရေးတော့ အပြည့်ရှိတယ်။ စစ်သားတွေလည်းစောင့်နေတယ်။ ခရီးသွားတွေတော့ မရှိသေးပေမယ့် ဒေသခံတွေနဲ့ စည်နေတာ။” အင်းလေးဒေသခံ လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖောင်တော်ဦးဘုရားကို အင်းတိန် စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်‌တောင်ကျောင်း၊ မကျည်းဆိပ်၊ မိုင်းပျိုး၊ ကျိုင်းခန့်၊ နောင်တော၊ အင်းပေါ်ခုံ၊ ရေဆာစသည့် ၂၁ ဌာနကို ကြွချီမှာဖြစ်ကြောင်းသိရသည်။

အင်းလေးဒေသသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ရေဘေး နှင့် ယခု ၂၀၂၅ မတ်လတွင် ငလျင်ဘေးတို့ကို အကြီးကျယ်ခံစားခဲ့ရသည့်ဒေသဖြစ်ပြီ ယနေ့ထိတောင်ပြည်သူများက နလန်မထူနိုင်သေးခင် စစ်ကော်မရှင် နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ဦးဆောင်ပြီး ဖောင်တော်ဦးဘုရားပွဲကို ကျင်းပကြောင်း သိရသည်။

ထိုဖောင်တော်ဦးပွဲကို ကျင်းပနိုင်ရန် အတွက် ရေဘေးသင့် ၊ ငလျင်ဘေးသင့်ဒဏ်ခံရသည့် အင်းလေးဒေသတွင် နေထိုင်သည့်သူများကို တစ်အိမ်လျှင် ကျပ်ငွေ ၁ သောင်းကောက်ယူပြီ ကျင်းပခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစာမျက်နှာတွင် သြဂုတ် ၁၈ရက်တွင် သတင်း ဖော်ပြခဲ့ဖူးသည်။

တဖက်တွင်လည်း ငလျင်ဘေးသင့်ဒဏ်၊ ရေကြီးမှုဒဏ်ကို အရင်ဖြေရှင်းပေးပြီးမှသာ ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပသင့်ကြောင်းလည်း ဒေသခံများကပြောသည်။

အင်းလေးဒေသမှ သက်ဆိုင်ရာ အာဏာပိုင်များသည် ပြည်သူများ၏ နေအိမ်နှင့် အင်းလေးကန် ရေဘေးသင့်မှုနှင့် ငလျင်ဘေးဒဏ်ကို ကူညီဆောင်ရွက်မှု အားနည်းနေပြီး ဖောင်တော်ဉီးဘုရားကျင်းပနိုင်ရေးနှင့် ငလျင်ကြောင့် ပျက်စီးသွားသည့် ဖောင်တော်ဉီး ဘုရားစောင်းကိုသာ အဓိကပြင်ဆင်ပြီး ပွဲတော်ကိုသာ ဦးစားပေးနေကြောင်း အင်းလေး ဒေသခံ လူငယ်တစ်ဉီးကပြောသည်။

“ ကျနော်တို့အင်းလေးမှာက ရေဘေး ၊ ငလျင်ဘေးကော ကြုံထားရတယ်လေ။ နေအိမ်တွေအများပျက်စီးထားတယ်။ အခုထိ ပျက်သွားတဲ့အိမ်တွေ ဆောက်လို့မပြီးသေးတာလည်းရှိတယ်။ အခုလို ပွဲလုပ်မဲ့နေရာမှာ ပြန်လည်ထူထောင်ရေး ၊ ပြုပြင်ရေးတွေလုပ်တာတော့ပိုထိရောက်တာပေါ့ ။ အခုကပြုပြင်ရေးတွေ မလုပ်နေတာတော့မဟုတ်ဘူး။ လုပ်နေပေမဲ့ ထိရောက်မှုက အရမ်းမရှိသေးဘူးလို့ထင်တယ်။” ဟု ၎င်း ဒေသခံ အမျိုးသားက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာ ကာလအတွင်း ဖောင်တော်ဦးဘုရားပွဲတော်ကို ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ်သာလျှင် ကျင်းပခဲ့ကြောင်းနှင့် ထိုကျင်းပမည့်အချိန်၌ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ရှောင်များကို အတင်းအဓမ္မ နေရာဖယ်ခိုင်းမှုများ လုပ်ဆောင်ခဲ့သည်။

အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့်၊ နေအိမ် ၃၅၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်၊

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...