Wednesday, January 28, 2026

အကြွေးယူပြီး စိုက်ထားသည့် စိုက်ခင်းများရေမြှုပ်သော်လည်း နေ့စားလိုက်ဆပ်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အကြွေးယူပြီး စိုက်ပျိုးထားသည့် စိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားသော်လည်း ဒေသခံများ နေ့စားလိုက်ပြီး အကြွေးပြန်ဆပ်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန် (၁၀)ရက် မိုးဉီးကျချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် အင်းလေးကန် ရေကြီးမှုဖြစ်ပွားကာ အကြွေးယူပြီးစိုက်ပျိုးထာားသည့် သီးနှံများ ရိတ်သိမ်းရန် ရက် ၂၀ အလို စပါးခင်နှင့် အခြားစိုက်ခင်းများ ဧကထောင်ချီ ရေမြှုပ်ပျက်စီးခဲ့သည်။

ထိုစိုက်ခင်းများရေမြှုပ်ပျက်စီးသွားသော်လည်း တောင်သူများက အကြွေးကို နေ့စားလိုက်ပြီး အကြွေးဆပ်နေရသဖြင့် စားဝတ်နေရေး ဖူလုံမှု မရှိကြောင်း အင်းလေး ဒေသခံ အမျိုးသမီး တစ်ဉီး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျမတို့ အကြွေးယူပြီး စိုက်တားတဲ့ စပါးခင်းတွေ နဲ့ အခြားစိုက်ခင်းတွေက ရိတ်သိမ်းခါနီးမှာ အကုန်ရေမြှုပ်ကုန်တာ ဘာမှ မကျန်ဘူး၊ အခု စိုက်ခင်းလည်း ရှုံး အကြွေးတွေကိုလည်း နေ့စားလုပ်ပြီး ပြန်ဆပ်နေရတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

အင်းလေးဒေသအတွင်း မိုးသည်းထန်စွာတိုင်း ရေနစ်မြှုပ်ခြင်းနှင် ငလျင်ဒဏ်ကြောင့် လက်ရှိ အချိန်ထိ နလန်မထူနိုင် သည့် ကြား ဝင်ငွေရှာဖွေရန်လည်း ခက်ခဲနေသဖြင့် အကြွေးဆပ်ရန် လုံးပန်းနေရကြောင်း ဒေသခံများက ပြောသည်။

“ ဒီနှစ်က အရမ်းပင်ပန်းတာပဲ ဘာဝင်ငွေမှမရှိတော့ဘူး ။ကျပန်းလုပ်နေရပြီ၊ အရင်က ကိုယ့်စိုက်ခင်းနဲ့ကိုယ် ဖူလုံသေးတာ။”ဟု အင်းလေးဒေသ စိုက်ပျိုးရေးလုပ်ကိုင်သည့် အမျိုးသမီးက ပြောသည်။

လက်ရှိတွင် အင်းလေးဒေသအတွင်းရှိ အမျိုးသမီးများသည် ကန်စွန်းရွက်ခူးရောင်းခြင်း၊ ဆေးလိပ်လိပ်ခြင်း နှင့် အမျိုးသားများသည် နေ့စားလက်သမားလုပ်ခြင်းနှင့် ငါးဖမ်းခြင်းတို့ဖြင့် ဝမ်းရေးကို ဖြေရှင်းနေကြရသည်။

“ ကျမဆိုရင် အကြွေး သိန်း ၅၀ကျပ်ရှိတယ်။ ကန်စွန်ရွက်ခူးပြီးရောင်းရင် တရက် ကို တသောင်းကျပ်ရတယ်။ ဆေးလိပ်လိပ်ရင် တရက် ရှစ်ထောင်ကျပ်၊ ငါးဖမ်းရောင်းရင်တရက်ကို တသောင်းကျပ်၊ လက်သမားက တနေ့ကို ကျပ်တသောင်းခွဲရတယ်။ ရရင် ယူထားတဲ့ကြွေးကို ဆပ်လိုက် စားလိုက် မလုံလောက်ဘူး”ဟု ၎င်းအမျိုးသမီးကဆိုပြန်သည်။

အင်းလေးဒေသတွင်း နှစ် (၅၀)အတွင်း ရေကြီးမှု အဆိုးဆုံးအခြေအနေအဆင့်ထိကြုံနေရပြီး ချောင်းနံဘေးတွင် လယ်ယာလုပ်ခြင်း ပိုများလာသည့်အတွက် ချောင်းများ တိမ်ကောလာကြောင်း အင်းလေး လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

“ အခု လယ်ယာလုပ်သူတွေများတော့ ချောင်းတွေကလည်း တိမ်ကောလာတယ်။ နောက် ချောင်းထဲမှာ ရေစီးဆင်းမှုနည်းပြီး နုန်းမြေက ချောင်းအတွင်းပိတ်နေတာ။ အရင် ချောင်းက ၁၂ပေထိ အနက်ရှိရာကနေ အခုဆိုရင် အနက် ၄ပေထိပဲရှိတော့ မိုးနည်းနည်းရွာလိုက်တာနဲ့ ရေစတက်လာတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

အင်းလေးဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ခုနစ် စက်တင်ဘာလတွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ဒေသခံ ထောင်နှင့်ချီ ရေဘေးသင့်ခဲ့သည်။ ထိုနည်းတူ ၂၀၂၅ခုနစ် ဇွန်လ မိုးဉီးပိုင်း သီးနှံမရိတ်သိမ်းခင် ရေတက်လာသဖြင့် လယ်ယာများ ထပ်မံမြှုပ်ပြီး စားဝတ်နေရေးလည်း ထပ်မံ ခက်ခဲလာကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယခုနှစ် မတ် ၂၈ ရက်တွင်လည်း အင်းလေးဒေသတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ထောင်စု ထောင်နှင့်ချီ ပျက်စီးကာ ယနေ့ထိတိုင် နလန်မထူနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။