အင်းလေး

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...

အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...

၁၅ နှစ်ကြာ လူငယ်များနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် အင်းလေး ဖောင်းဒေးရှင်းတစ်ခု အပြီးသတ်ရပ်နား

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြိုနယ် အင်းလေးဒေသအတွင်း ၁၅ နှစ်ကြာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမျိုးစုများနှင့် ဒေသတွင်းထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ကိုင်နေခဲ့သော အင်းလေးဒေသအမွေအနှစ် ဖောင်ဒေးရှင်းလုပ်ငန်းများအား လာမည့် ဒီဇင်ဘာလ (၃၁)ရက်တွင် အပြီးသတ်ရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းအား လက်ရှိကြုံတွေ့နေရသော နိုင်ငံ၏အကြပ်အတည်းများ၊ ကိုဗစ်ရောဂါ နောက်ဆက်တွဲအခြေအနေများကြောင့် ဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲများစွာဖြစ်ပေါ်လာသောကြောင့်...

အင်းလေးဒေသပျက်စီးသွားသော နေအိမ်များ ပြန်လည်ထူထောင်ရန် ခက်ခဲနေဆဲအင်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီမုန်တိုင်းကြောင့် သျှမ်းပြည်တောင်ပိုင်း ရှိမြို့နယ်အများအပြားရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းလေး ဒေသ အနောက်ဘက်ရှိ ကျွန်းကြီးအုပ်စု၊ မင်းချောင်းအုပ်စု၊တုံးလည်တောင်ပို့ကြီး နှင့် အင်းတိန်အုပ်စု တို့သည်ရေကြီမှုဒဏ်ကြောင့် စိုက်ခင်းများပါပျက်စီးသွားကာ လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရန် ခက်ခဲနေသေးကြောင်း...

အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး 

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် အပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၄၀ ခန့် ထပ်မံပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။  နိုဝင်ဘာလ ၂ ရက်ညအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့်...

အင်းလေးဒေသ သီးနှံမျိုးစေ့ ဈေးတက်လို့ စိုက်ပျိုးရေးလုပ်ကိုင်မှု နည်းပါးလာ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း သီးနှံမျိုးစေ့ ဈေးတက်ခြင်းကြောင့် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်သူ နည်းပါးလာကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလမှ စတင်ပြီး အင်းလေးဒေသ ရေကြီးမှုသည် အောက်တိုဘာလ စတုတ္ထပတ်အထိ ရေမကျသေးသောကြောင့် စိုက်ပျိုးမြေများ အပါအဝင် ကုန်းမြေများ၊ ကျွန်းမြေများကို ရေဖုံးလွှမ်းပြီး နစ်မြှုပ်ပျောက်ကွယ်နေသည်။ ထို့အပြင် ရေအနည်းငယ်...

အင်းလေးတွင် သောက်ရေသုံးရေ မသန့်ရှင်း၊ ကလေးငယ်များ အရေပြားယားယံဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ရေဘေးရှောင်ပြည်သူများ သောက်ရေသုံးရေ မသန့်ရှင်းမှုကြောင့် ကလေး၊လူငယ်များ အရေပြားယားယံခြင်းတွေ ဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လတ်ကာ မိုးရေခံထားသည့်ရေ၊အင်းကန်ကရေများကို သောက်သုံးရေအတွက်...

အင်းလေးတွင် သောက်ရေပြတ်လပ်၊ ရေနောက်များ သောက်သုံးနေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးမှုကြောင့် သောက်ရေသန့်ပြတ်လပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လပ်ကာ မိုးရေခံပြီး သောက်ရေအတွက် ဖြေရှင်းနေကြရကြောင်း ဒေသခံ အမျိုးသမီး တစ်ဉီးက...

အင်းလေးဒေသ ခရုပြဿနာဆိုးရွားနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ခရုများ စပါးကို ဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးစိုက်ပျိုးသူများလျော့ကျလာ ကြောင်း စုံစမ်းသိရသည်။ ယခုနှစ်အတွင်းတွင် စပါးစိုက်ပျိုးသည့် အင်းလေးဒေသမှ လယ်သမားများအနေဖြင့် စပါးစတင်စိုက်ပျိုးသည့်အချိန်တွင် ခရုများလာသဖြင့် ယခင်နှစ်ထက် ပိုးသတ်ဆေးဖြန်းပေးနေရကြောင်း၊ခရုပြဿနာကြောင့် စပါးစိုက်ပျိုးသူများလည်း နည်းပါးလာကြောင်း အင်းလေးဒေသ စပါးစိုက်ပျိုးသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’နှစ်တိုင်း စပါးမစိုက်ခင်နဲ့စိုက်ပျိုးပြီးအချိန်ထိ...

အင်းလေးဒေသတွင် ပျူစောထီးနှစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် အင်းလေးဒေသတွင် ဆက်ကြေးလိုက်ကောက်နေသည့် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ မင်းချောင်းနောက်ကျေးရွာ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ည ၆ နာရီဝန်းကျင်တွင် ဆက်ကြေးလိုက်ကောက်သည့် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦးကို...

Latest news