အင်းလေးဒေသ ငလျင်ဘေးသင့် နေအိမ်များ မိုးမကျမီ ပြန်ဆောက်ရန် လိုအပ်နေ

အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ နေအိမ်အများစု အလုံးစုံပျက်စီးသွားသောကြောင့် မိုးမကျခင် အချိန်မီပြန်ဆောက်ရန် လိုအပ်နေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

အင်းလေးဒေသတွင် ကျေးရွာပေါင်း ၄၄၅ ရွာရှိသည့်အနက် ကျေးရွာ ၂၀ ကျော်ရှိ နေအိမ်အများစု အလုံးစုံပျက်စီးနေကြောင်း၊ မိုးမကျခင် အချိန်မီပြန်ဆောက်ရန် လိုအပ်ကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးဦးမကျခင် အိမ်တွေ ပြန်ဆောက်တာ၊ ပြုပြင်တာတွေ ပြီးစီးဖို့လိုအပ်ပါမယ်။ မပြိုကျပေမဲ့ နေလို့မရတော့တဲ့ အိမ်တွေလည်း အများကြီးပါ။ နေအိမ်တွေ ထပ်ပြိုကျမှာတွေ့ ကြုံနိုင်တယ်။ နေလို့မရတော့လို့ ဖျက်ပုံထားမယ် ဆိုတော့လည်း ဝါဆို၊ ဝါခေါင်လဆို ရေတက်ပါပြီ။ ရာသီဉတုက ဖောက်ပြန်နေတော့ မနှစ်ကလို ရေကြီးတဲ့ ဘေးထပ်လာရင် ပိုဆုံးရှုံးရမှာပါ” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ဒေသခံများအတွက် ပြည်တွင်း ပရဟိတများ၊ အလှူရှင်များက လာရောက်လှူဒါန်းမှု ရှိသော်လည်း အမှန်တကယ်လိုအပ်နေသူ လက်ထဲရောက်ရှိမှာ အားနည်းနေသေးကြောင်း သိရသည်။။

အင်းလေး ငလျင်ဘေးသင့်နေအိမ်များ

ငလျင်ကြောင့် နေအိမ်အလုံးစုံ ပျက်စီးသွားသော ကြေးစားကုန်းရွာနှင့် သလဲဦးအင်းရွာတွင် ထောက်ပံ့မှု ရရှိရန်အတွက် အလှူရှင်များထံ စာရင်းအပိုတင်ခြင်း၊ မမှန်မကန် စာရင်းတင်ခြင်းကြောင့် အမှန်တကယ် လိုအပ်နေသူ လက်ထဲမရောက်ရှိကြောင်း အင်းလေးဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“အင်းလေးဒေသကို ရေးဘေးရော၊ ငလျင်ဘေးပါ လူသားချင်းစာနာမှုတွေ အများကြီးရရှိပါတယ်။ အလှူရှင်တွေဆီ စာရင်းပိုတင်တာတွေကြောင့် တချို့နေရာမှာ အမှန်ပျက်စီးဆုံးရှုံးတဲ့လူတွေ ကျန်ခဲ့တာတွေရှိတယ်” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။

အလားတူ အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးအတွက် ခိုင်နှင်းဝေဖောင်ဒေးရှင်းမှ တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၁၀ သိန်း လှူဒါန်းပေးနေကြောင်း သိရသည်။

သို့သော် အင်းလေးဒေသရှိ ကေလာအုပ်စုတွင် အလှူငွေပေးအပ်ရန်အတွက် အိမ်ခြေ ၈၂၈ အိမ် စာရင်း ရရှိထားသော်လည်း မြေပြင်တွင်အိမ်ခြေ ၆၆၃ အိမ်သာ ရှာတွေ့ထားကြောင်း၊ ထိုကြောင့် အိမ်ခြေ ၈၂၈ အိမ်ထဲမှ ၆၆၃ အိမ်ကိုသာ အလှူငွေပေးအပ်ပြီး ကျန်ရှိ ၁၆၅ အိမ်ကို ခေတ္တဆိုင်းငံ့ထားကြောင်း ကေလာကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ ခိုင်နှင်းဝေဖောင်ဒေးရှင်းကတော့ တစ်အိမ်ကို ၁၀ သိန်းလှူဒါန်းပေးတယ်။ ၁၆၅ အိမ်စာတော့ကျန်သေးတယ်။ အကုန်မရသေးဘူးပေါ့။ လောလောဆယ်တော့ တစ်ခြားပြင်ပအလှူရှင်တွေလည်း လှူဒါန်းလာပေး တာတော့ရှိတယ်” ဟု ကေလာကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့ပြင် အင်းလေးဒေသအတွင်း ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကမ္ဘောဇ KBZ ဘဏ်မှ တစ်အိမ်ထောင်လျှင် ကျပ်ငွေ သိန်း ၃၀ လှူဒါန်းသွားမည်ဟု ဒေသတွင်း သတင်းထွက်ပေါ်နေသည်။

လက်ရှိတွင် အင်းလေးဒေသခံများသည် ပြန်လည်ထူထောင်ရေးအတွက် ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေကြောင်း ကေလာကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

“ အခုတော့ နေအိမ်တွေအတွက်အဓိကအခက်ခဲဖြစ်တာပေါ့။ စားစရာတွေကတော့ အလှူရှင်တွေလာတာများတော့ရှိတယ်။ နေအိမ်မရှိတော့ တစ်ချို့ကတော့ ခရမ်းချဉ်သီးခြံမှာ ယာယီတဲထိုးပြီနေတာလည်းရှိတယ်။ တစ်ချို့လည်း စက်လှေပေါ်မှာပဲနေထိုင်ကြတာရှိတယ်။ အခုတော့ ယိုင်နေတဲ့အိမ်တွေကိုပြန်လည်ပြုပြင်နေတာ” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ပျက်စီးပြိုလဲသွားသည့်နေအိမ်များအတွက် ဝါးအိမ်အဖြစ် ပြန်လည်ထူထောင်သွားမည်ဖြစ်ကြောင်း၊ ထိုဝါးအိမ် ဆောက်လုပ်ရန်အတွက် တစ်အိမ်လျှင် ပျှမ်းမျှ သိန်း ၃၀ မှ ၅၀ အထိ ကုန်ကျကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်း နှင့် မန္တလေးမြို့ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှုကြောင့် အင်းလေးဒေသအတွင်း နေအိမ် ၁၈၃၄ အိမ် အလုံးစုံပျက်စီးသွားပြီး၊ ၁၉၄၁ အိမ်ယိုင်လဲပျက်စီးသွားကြောင်း Bamboo Delight Summer Youth Camp ကျောင်းသား၊ သူများ၏ စာရင်းပြုစုချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...