အင်းလေးဒေသ ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထားပြောင်းလဲမှုရှိ၊ အိမ်ပြန်ဆောက်ရန် အခက်တွေ့

သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထား ပြောင်းသွားခြင်းကြောင့် အိမ်ပြန်ဆောက်ရန် အခက်တွေ့နေကြကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ်များစွာပြိုကျ ပျက်စီးခဲ့ရသည်။

ထိုပြိုကျပျက်စီးသွားသည့် နေအိမ်များကို ဖြိုဖျက်ပြီး လက်ရှိတွင် ဝါးအိမ်များကို အစားထိုး ပြန်လည်တည်ဆောက်နေကြသည်။

ထိုငလျင်လှုပ်ခက်ခဲ့သည့်အတွက်ကြောင့် မြေအနေအထား ပြောင်းလဲသွားပြီး အင်း‌လေးဒေသရှိ ဟန်ချိုကျေးရွာ၊ ကေလာကျေးရွာနှင့် ဇရပ်ကြီးကျေးရွာ စသည့် ရွာများတွင် အိမ်ပြန်ဆောက်ရန် အခက်တွေ့နေကြကြောင်း အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြိုတဲ့ အိမ်တွေ၊ ယိုင်နေတဲ့ အိမ်တွေကို ဖျက်ပြီးတော့ ပြန်‌ဆောက်နေကြတယ်။ တချို့အိမ်တွေကြတော့ အရင်က အိမ်တိုင်ကို မြေအနက် ၁၀ ပေ ‌ဝန်းကျင်လောက် စိုက်နိုင်ရင် အဆင်ပြေတယ်။ အခုကြတော့ ၁၅ ပေ ကနေ ၁၈ ပေလောက်ထိုးစိုက်မှအဆင်ပြေတယ်။ မြေအနေအထား ပြောင်းသွားတာပေါ့”ဟု ၎င်းအင်းလေးဒေသခံ အမျိုးသားက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ယိုင်စောင်းနေသည့် အိမ်များကို ပြန်တည့်မှတ်ရာတွင်လည်း မြေအနေအထားပြောင်းလဲမှုကြောင့် အချို့အိမ်၏ အိမ်တိုင်ခြေရှိ မြေများ ပျော့ပြောင်းကုန်ကြောင်း အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“အိမ်ကို ချိန်းဘလောက်တွေနဲ့ ဆွဲထောင်လိုက်ပြီးရင် ပြန်နိမ့်ကျသွားတာမျိုးတော့ ပိုအဖြစ်များတယ်။ ရေထဲကယိုင်စောင်းသွားတဲ့ အိမ်တွေတော့ အိမ်တိုင်ခြေရင်းမှာ မြေပျော့ကုန်တာ ပိုများတယ်။ အိမ်တိုင်း တော့မဖြစ်ဘူး၊ နေရာတချို့တွေဖြစ်တာ”ဟု ၎င်းကပြောသည်။

အင်းလေးဒေသရှိ ကျေးရွာများသည် ရေနိမ့်ပိုင်း ရေမြင့်ပိုင်းများ မတူသည့်အပြင် မြေဆီလွှာ အနေအထား ကွဲပြားမှုကြောင့် အချို့နေရာတွင် အိမ်တိုင်းပြန်လည်ဆောက်လုပ်ရန် ပြဿနာများကြုံတွေ့ နေကြကြောင်း အင်းလေးဒေသခံများက ပြောသည်။

အင်းလေး ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်ပြန်တည်ဆောက်နေပုံ

အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် လူနေအိမ် (၂,၅၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ထိုအထဲမှ အိမ်ခြေ (၁,၃၀၀) ကျော်မှာ လူနေထိုင်၍ မရအောင် လုံးဝ ပျက်စီးသွားခဲ့သည်။

လက်ရှိတွင် အင်းလေးဒေသခံများသည် ပြန်လည်ထူထောင်ရေးအတွက် ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆,၅၈၈) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...