ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း ထိခိုက်ပျက်စီးမှုများပြားပြီး လူသေဆုံးမှုများလည်းမြင့်တက်နေ 

ယနေ့ (မတ်လ ၂၈)  နေ့လယ်ပိုင်းတွင် စစ်ကိုင်း ရေခါးအင်း စာရေးရွာအနီး ဗဟိုပြု၍အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းထန်အင်အားရှိသော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။

ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အချို့နေရာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပျက်တောက်နေပြီး အဆက်အသွယ်များမရရှိကြောင်း ညောင်ရွှေမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နန်းပန်နဲ့ ရွာမမှာတော့ လူသေတယ်လို့ကြားတယ်၊ ဒါပေမယ့် ဘာမှ မသိရသေးခင်ဖုန်းလိုင်းတွေ အင်တာနက်တွေပျက်သွားတယ်၊ ခုတောင် MPT တစ်မျိုးပဲ သုံးလို့ရတယ်” ဟု အသက် ၂၄ နှစ််အရွယ် ညောင်‌ရွှေမြို့မှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ငလျင်ဒဏ်ကြောင့် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့နှင့် ဟဲယာရွာမတို့အတွင်း လူ (၂၅) ဦးထက်မနည်း  သေဆုံးကြောင်း သတင်းများထွက်ပေါ်နေပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ငလျင်ကြောင့် အင်းလေး ဖောင်တော်ဉီး အပျက်အစီး

ထို့အပြင် နာမည်ကျော် အင်းလေးဖောင်တော်ဦးဘုရားတွင်လည်း ဘုရားကျောင်းဆောင်၊ ရင်ပြင်တော်နှင့် ဒေသစာရီကြွချီရာတွင် အသုံးပြုရာဖော်တော်ထားရပ်နားထားသည့် အဆောင်များပြိုကျပျက်စီးခဲ့ပြီး လူနေအိမ်များ ရာနှင့်ချီပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများမှ တဆင့်သိရသည်။

ငလျင်ကြောင့် အင်းလေး ဖောင်တော်ဉီး ရင်ပြင် အပျက်အစီး

၂၀၂၄ ခုနှစ် အတွင်း ရေကြီးမှုဒဏ်ဆိုးဝါးစွာခံစားခဲ့ရပြီး  ပြန်လည်နလံထူရန်ကြိုးစားရုန်းကန်နေရသည့် အင်းလေးဒေသတစ်ခုလုံးတွင် ငလျင်ဒဏ်ကြောင့် အိမ်များစွာထပ်မံပျက်စီးခဲ့ပြီး အကူအညီများစွာ လိုအပ်လျက်ရှိသည်။ 

အလားတူ  အောင်ပန်းမြို့တွင်လည်း ဟိုတယ်တစ်လုံးပြိုကျသွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၂၀ ကျော်ပိတ်မိနေကြောင်း မြို့ခံများ၏ လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြထားသည်။

“ဒီနေ့ဖြစ်တာ သေပြီလို့ထင်လိုက်တာ၊ ပထမတစ်ကြိမ်တုန်းက ခုံအောက်ဝင်ပုန်းတယ်၊ ဒုတိယအကြိမ်က မနေရဲတော့လို့ အဆောက်အဦးအပြင်ဖက်ထွက်ပြေးရတယ်၊ အပေါ်တစ်ထပ်လုံး မှန်တွေကွဲတယ်၊ ရေခဲသေတ္တာတွေ ဗီဒိုတွေအကုန်လဲပြိုကုန်တာ” ဟု ရွှေညောင်မြို့တွင်နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ 

ငလျင်ဒဏ်ကြောင့် တောင်ကြီးမြို့ပေါ် City Square Shopping Center တွင်လည်း နံရံအက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အနီးတဝိုက်ရှိ လူနေအိမ်များကိုလည်း အရေးပေါ်ပြောင်းရွှေ့ခိုင်းထားကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းပြတ်တောက်မှုများရှိနေပြီး အထပ်မြင့်အဆောက်အဦးများတွင် နေထိုင်သောပြည်သူများအနေဖြင့်လည်း ယာယီရွှေ့ပြောင်းနေထိုင်ကြရန်လည်း လိုအပ်ပါသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...