Tuesday, January 27, 2026

ငလျင်

တောင်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ငလျင်သိသိသာသာလှုပ်ခတ်

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီး နှင့် အနီးတဝိုက်ဒေသများတွင်မဂ္ဂနီကျု အင်အား ၄ဒသမ ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ယနေ့ (ဩဂုတ်လ ၇)ရက် ည ၉ နာရီအချိန်တွင် နေပြည်တော် တပ်ကုန်း ဗဟိုပြု၍ မဂ္ဂနီကျု အင်အား ၄ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တောင်ကြီးမြို့၊...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

သျှမ်းတောင်တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူများလာပြီး ဈေးအဆမတန်မြင့်တက်လာ

သျှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် ဘိလပ်မြေဈေးနှုန်းများ တစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ အဆမတန် မြင့်တက်လာသောကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ငလျင်ဒဏ်သင့် အိမ်များ ပြန်လည်ပြုပြင်ရန်...

ငလျင်လှုပ်မည်ဆိုသည့် သတင်းမှားကြောင့် ဟိုပုံးဒေသခံများ ခြံမသွားဘဲ ကွင်းပြင်မှာ စုနေကြ

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ငလျင်လှုပ်မည် ဟူသော သတင်းမှားကြောင့် ဒေသခံများ ခြံမသွားရဲကြဘဲ ကွင်းပြင်မှာ စုနေကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ (၂၁) ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်များမှ ငလျင်လှုပ်မည်ဟု ဆိုသည့် သတင်းမှား ပျံ့နှံ့မှုကြောင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာရှိ ဘုန်းကြီးမှလည်း...

Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်သွားသော SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အမျိုးသမီး (၄) ဦးနှင့် ကလေး (၅) ဦး အပါအဝင်...

မန္တလေးသို့ ဆေးကုသွားသည့် ရွာငံ ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာတွင် မန္တလေးသို့ ဆေးကုသွားသည့် ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသွားသူများသည် အသက် (၇၀)အရွယ်ရှိ  ဒေါ်ကြင်ဟန်နှင့် သားဖြစ်သူ အသက်(၄၄)နှစ်အရွယ် ညီညီ နှင့် အသက် ၄၀ အရွယ်ရှိ တောင်ခေါင်းပွာကျေးရွာမှ အမျိုးသားတစ်ဉီး တို့သည်  မတ် ၂၈ရက်တွင် မန္တလေးသို့ ဆေးသွားကု သွားသည့်...

Sky Villa Condo ပြိုကျမှုအောက်ပျောက်ဆုံးနေသည့် သမီးကို မူဆယ်ကနေမိဘများ လာရောက်ငိုယိုစောင့်ဆိုင်း  

စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က ပြိုကျပျက်စီးသွားသည့် Sky Villa Condo တွင်ပိမိပျောက်ဆုံးနေသော သမီးဖြစ်သူအား မူဆယ်ကမိဘများကလာရောက်စောင့်ဆိုင်းကာ ငိုကြွေးအားပေးစကားပြောဆိုနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်စာမျက်နှာတွင်ပျံ့လာသည်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေး Sky Villa ကွန်ဒိုကြီးအောက် အသက် ၂၄ နှစ်အရွယ်မူဆယ်သူ...

ရွာငံတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရေပြာအိုင် အရောင်ပြောင်းသွား

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရှိ တောကျယ်ရေပြာအိုင်သည် ငလျင်ဒဏ်ကြောင့် ရေပြာအိုင် အရောင်ပြောင်း သွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ရွာငံရေပြာအိုင် အပါအဝင် ရေထွက်ဦး အချို့ ရေနှောက် အရောင်ပြောင်းလဲမှုများ ဖြစ်ပေါ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ငလျင်နောက်ဆက်တွဲ...

ဟိုပုံး ရှင်လောင်းပွဲအပြန် လမ်းတွင် ငလျင်ကြောင့် ယာဉ်တိုက်မိဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

သျှမ်းပြည် ဟိုပုံးမြို့ ရှင်လောင်းပွဲအပြန် လမ်းမှာအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး အသက် ၈ နှစ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဟိုပုံးမြို့နယ် ပန်လျှန်းရွာမှ ဒေသခံ ၄ ဦးသည် ဟိုပုံးမြို့ရှိ ရှင်းလောင်းပွဲသွားပြီး ပြန်လာရာ လမ်းတွင်အင်းအားပြင်း...

စစ်ကိုင်း ကူညီကယ်ဆယ်ရေးများ နှင့်အလောင်းထည့်အိတ်များအရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတွင် ကူညီကယ်ဆယ်ရေး လုပ်သားများ များစွာလိုအပ်နေပြီး ပိမိထားသည့် အလောင်းများကိုထည့်ရန် အိတ်များလိုအပ်နေသည်ဟု စစ်ကိုင်းဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့မွန်းလွဲ ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ၈၀ ရာခိုင်နူန်းနီးပါး အဆောက်အုံ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများလည်း ထောင်ချီအထိ ရှိနေကာ ယနေ့အထိ...

Latest news