ငလျင်လှုပ်မည်ဆိုသည့် သတင်းမှားကြောင့် ဟိုပုံးဒေသခံများ ခြံမသွားဘဲ ကွင်းပြင်မှာ စုနေကြ

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ငလျင်လှုပ်မည် ဟူသော သတင်းမှားကြောင့် ဒေသခံများ ခြံမသွားရဲကြဘဲ ကွင်းပြင်မှာ စုနေကြကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီလ (၂၁) ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်များမှ ငလျင်လှုပ်မည်ဟု ဆိုသည့် သတင်းမှား ပျံ့နှံ့မှုကြောင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာရှိ ဘုန်းကြီးမှလည်း အန္တရာယ်ကင်းနိုင်စေရန် အဆောက်အဦ မရှိသည့် ကွင်းပြင် နေရာများတွင် နေကြရန် မှာကြားထားသောကြောင့် ရွာလုံးကျွတ် ခြံမသွားကြကြောင်း ဒေသခံများက ပြောသည်။

“ငလျင်လှုပ်ရင် အိမ်ပေါ်မှာထက် အပြင်မှာက ပိုလုံခြုံတော့ အပြင်မှာပဲ နေကြတယ်။ ငလျင်ကြောင့် လူတွေ အများကြီး သေကြတာမြင်တော့ ကြောက်စိတ်ရှိတာပေါ့။ ဘုန်းကြီးကလည်း သတိပေးထားတော့ လုံခြုံစိတ်ချရအောင်လို့ ခြံမသွားကြဘူး”ဟု မဲနယ်တောင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ငလျင်သတင်းကြောင့် မနက်ပိုင်းမှ နေ့လည် (၁)နာရီအထိ အဆောက်အဦနှင့် ဝေးရာတွင် နေကြရပြီး ညနေပိုင်းမှ နေအိမ်သို့ ထမင်းပြန်စားကြကြောင်း ၎င်းက ဆက်ပြောသည်။

ဟိုပုံးမြို့

အလားတူ ရွာငံမြို့နယ်တွင်လည်း အဆိုပါ ငလျင်လှုပ်ခတ်မည်ဟူသော သတင်းမှားကြောင့် ခြံမသွားရဲကြဘဲ တဲအိမ်များတွင်သာ နေထိုင်နေကြရပြီး စိုးရိမ်ကြောက်ရွံ့မှုများ ရှိနေသည်ဟု သိရသည်။

“ဒီနေ့ဆို လက်ဖက်ခူးတောင် ဘယ်သူမှ မသွားကြဘူး၊ အိမ်မှာပဲ နေကြရတယ်။ တိုက်အိမ်ထဲမှာလည်း မနေရဲကြဘူး ဝါးတဲထဲမှာပဲနေရတယ်၊ တော်ကြာ ပိသေမှာစိုးလို့။ လက်ဖက်ခြံသွားမယ်ဆိုလည်း ခြံမှာက ကျောက်တုံးကြီးတွေ ရှိတယ်။ငလျင်လှုပ်ပြီး ကျောက်တုံးလိမ့်လာမှာစိုးလို့” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ ငလျင်လှုပ်မည်ဟူသော သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မကြာခဏ တွေ့လာရပြီး ပြည်သူများ၏ စိုးရိမ်မှုကို ပိုမို မြင့်တက်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ကောလာဟလ သတင်းများကို အလွယ်တကူ မယုံမိစေလိုကြောင်း ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက အကြံပြုပြောထားသည်။

“မတ်လ (၂၈) ရက်နေ့တုန်းက အင်အားပြင်း ငလျင်လှုပ်ပြီးနောက်မှာ ပြည်သူတွေက စိတ်ဒဏ်ရာတွေ ရသွားကြတယ်။ တစ်ခုခုဆို ငလျင်လှုပ်တယ်ပဲ တွေးနေတာ။ သူတို့မှာ စိတ်ဒဏ်ရာ ရှိထားတော့ လွယ်လွယ်နဲ့ မေ့လို့ရမှာတော့ မဟုတ်ဘူး။ လိုင်းပေါ်မှာ လူစိတ်ဝင်စားမှုရအောင် အခုလို ငလျင်သတင်းတွေကို တင်နေကြတာ။ ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့အကြောင်း ပြည်သူတွေ သိထားမယ်ဆိုရင် စိုးရိမ်မှု လျော့ကျစေနိုင်လိမ့်မယ်” ဟု ၎င်းပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

အလားတူ ပင်လောင်းမြို့နယ်၊ နန်းပန်ကျေးရွာတွင်လည်း ငလျင်လှုပ်မည်ဟူသော သတင်းကြောင့် ဒေသခံများ မိုးကာတဲဆောက်ကာ နေထိုင်နေကြရသည်ဟု သိရသည်။

ယခင် မတ်လ (၂၈)ရက်နေ့တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော ပြင်းအား (၇.၇) ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း (၄၂၁၂)ဦး သေဆုံးခဲ့ပြီး (၆၅၈၈) ဦးကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...