ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် စျေးဝယ်စင်တာတစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ အသက် ၂၀ အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး၊ အခြားမြို့တစ်မြို့တွင်လည်း အဆောက်အအုံ ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။

ငလျင်၏ ဗဟိုချက်မှာ လူဦးရေ ၇ သိန်း ခန့် နေထိုင်သည့် ကူမာမိုတိုမြို့၏ တောင်ဘက် ၁၂ မိုင် (၂၀ ကီလိုမီတာ) အကွာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်ပြီးနောက် ဆိုင်ပေါင်း ၂၀၀ ခန့်ရှိသော Aeon Mall Kumamoto စျေးဝယ်စင်တာ၏ ဘေးတစ်ဖက်မှာ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး အပျက်အစီးများ ပြန့်ကျဲသွားခဲ့သည်။ အာဏာပိုင်များက ဓာတ်ငွေ့ယိုစိမ့်မှုမှတစ်ဆင့် ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟု ယူဆကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

ထို့ပြင် Nippon Paper Industries စက်ရုံ၏ မီးခိုးခေါင်းတိုင် ပြိုကျမှုကြောင့် လူပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆေးရုံအချို့တွင်လည်း ဒဏ်ရာရသူများပြားလျက်ရှိသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ (Sanae Takaichi) က အာဏာပိုင်များအနေဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေအပြည့်အစုံကို စိစစ်နေဆဲဖြစ်ကြောင်းနှင့် နေရာအချို့တွင် မီးလောင်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် လမ်း၊ တံတားများ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယနေ့(ဇူလိုင် ၂၉)ရက် တွင်လည်း ပို့ဆောင်ရေးလုပ်ငန်းနှင့် စက်ရုံများ လုပ်ငန်းခေတ္တရပ်ဆိုင်းထားသည်။

ငလျင်ကြောင့် ကူးရှူး (Kyushu) ကျွန်းပေါ်ရှိ နေအိမ် ၄၈,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး ပြင်းထန်အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ်နေသဖြင့် ဒေသခံ ၃ သိန်း ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားသည်။

ကျည်ဆန်ရထား ပြေးဆွဲမှုများအပါအဝင် ရထားလမ်းပိုင်းများ ရပ်နားထားပြီး၊ ကူမာမိုတို လေဆိပ်ပြေးလမ်းကိုလည်း ပိတ်ထားခဲ့ရသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ဆီမီးကွန်ဒက်တာ ထုတ်လုပ်သည့် TSMC၊ Sony၊ Fujifilm၊ Tokyo Electron နှင့် Honda မော်တော်ဆိုင်ကယ် စက်ရုံတို့ကလည်း ၎င်းတို့၏ စက်ရုံများအတွင်းရှိ လုပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားသည်။

ဂျပန်နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ဒေသတွင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် ပုံမှန်မဟုတ်သည့် ထိခိုက်မှုများ မရှိကြောင်း အတည်ပြုထားသည်။

ဂျပန် မိုးလေဝသအေဂျင်စီက ငလျင်ဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် ဒေသများတွင် လာမည့် တစ်ပတ်ခန့်အထိ နောက်ဆက်တွဲ ငလျင်များနှင့် မြေပြိုမှု အန္တရာယ်များကို သတိထားကြရန် သတိပေးထားသည်။

ထို့အပြင်ယနေ့ (ဇူလိုင် ၂၉)ရက်တွင်လည်း အပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်လာနိုင်သဖြင့် ဘေးလွတ်ရာ ရောက်ရှိနေသူများအနေဖြင့် အပူရှိပ်မှု (Heatstroke) အန္တရာယ်ကိုပါ သတိပြုကြရန် ထပ်မံ အသိပေးထားသည်။

ကိုးကား – Reuters

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းရှေ့ သတ္တုကြောင့် မြစ်ရေအဆိပ်—ဂျပန်၊ သြစတြေးလျဖြေရှင်းပေးရန် ထိုင်းဖိတ်ခေါ်

0
မြန်မာနိုင်ငံ၊ သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မြစ်ကြီးများအတွင်း အဆိပ်သင့် အာဆင်းနစ် (Arsenic) ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့ကို ကြားနေညှိနှိုင်းရေးမှူးများအဖြစ် ပါဝင်ရန် ထိုင်းအစိုးရက တိုက်တွန်းကြောင်း Thai PBS တွင်ဖော်ပြသည်။ ဧပြီလ ၂၀...

တောင်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ငလျင်သိသိသာသာလှုပ်ခတ်

0
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီး နှင့် အနီးတဝိုက်ဒေသများတွင်မဂ္ဂနီကျု အင်အား ၄ဒသမ ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ယနေ့ (ဩဂုတ်လ ၇)ရက် ည ၉ နာရီအချိန်တွင် နေပြည်တော် တပ်ကုန်း ဗဟိုပြု၍ မဂ္ဂနီကျု အင်အား ၄ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တောင်ကြီးမြို့၊...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

သျှမ်းတောင်တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူများလာပြီး ဈေးအဆမတန်မြင့်တက်လာ

0
သျှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် ဘိလပ်မြေဈေးနှုန်းများ တစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ အဆမတန် မြင့်တက်လာသောကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ငလျင်ဒဏ်သင့် အိမ်များ ပြန်လည်ပြုပြင်ရန်...

ငလျင်လှုပ်မည်ဆိုသည့် သတင်းမှားကြောင့် ဟိုပုံးဒေသခံများ ခြံမသွားဘဲ ကွင်းပြင်မှာ စုနေကြ

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ငလျင်လှုပ်မည် ဟူသော သတင်းမှားကြောင့် ဒေသခံများ ခြံမသွားရဲကြဘဲ ကွင်းပြင်မှာ စုနေကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ (၂၁) ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်များမှ ငလျင်လှုပ်မည်ဟု ဆိုသည့် သတင်းမှား ပျံ့နှံ့မှုကြောင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာရှိ ဘုန်းကြီးမှလည်း...