အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။

ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ဖြိုဖျက်ခြင်း၊ ပြန်လည်ပြုပြင် တည်ဆောက်မှုများ ပြုလုပ်နေရခြင်းကြောင့် အင်းလေးဒေသခံများ၏ အဓိကဝင်ငွေဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် လက်ရှိအချိန်ထိ နလံပြန်မထူနိုင်သေးကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စိုက်‌ပျိုးရေးက ရေကြီးပြီးကတည်းက အသေအချာ ပြန်မလုပ်ရသေးဘူး။ အချို့တွေက ပြန်လုပ်တာမကြာဘူး ငလျင်ထပ်လုပ်‌တော့ အကုန်လုံး သူ့အိမ်ကိုယ့်အိမ်နဲ့ ရှုပ်နေကြတော့ အများကြီး စိုက်ကြတဲ့လူက လက်လွတ်လိုက်ရတယ်။ နည်းနည်းလုပ်တဲ့ လူတွေကလည်း ခရမ်းချဉ်သီးတွေ ရသလောက်လေး ပြန်ယူထားရတာပေါ့။ လက်ရှိအချိန်ထိ စိုက်ပျိုးရေး လုပ်ဖို့ကလည်း အဆင်မပြေသေးဘူး”ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ခရမ်းချဉ်သီးအပြင် စိုက်ခင်းများစွာ စိုက်ပျိုးထားသည့် ဒေသခံများသည် ဆုံးရှုံးမှုများပြီး၊ အချို့သည် အရင်းအနှီးများပါ ဆုံးရှုံးသည်အထိ ရှိနေကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ဆိုသည်။

အင်းလေး

“လုပ်လိုက်ရတာပဲရှိတယ်၊ ခရမ်းချဉ်သီးတွေ စိုက်တဲ့လူ အကုန်လုံးက ရှုံးတယ်။ ဈေးနှုန်းလည်း မရှိဘူး။ အထွက်လည်းမကောင်း၊ သူ့အချိန်နဲ့သူ မဟုတ်တော့ ရှုံးတယ်။ အမြတ်တော့ ပြောမနေနဲ့ အရင်းကို ပြန်မရဘူး။ ရေကြီးပြီးကတည်းက ဒီလိုတွေဖြစ်နေတာ”ဟု အင်းလေးဒေသခံ ၎င်းအမျိုးသမီးက ပြောသည်။

အင်းလေးဒေသသည် စီးပွားဖြစ် ခရမ်းချဉ်သီး အဓိကစိုက်ပျိုးကြပြီး ကြားကာလတွင်လည်း ရာသီ‌ပေါ်သီးနှံများဖြစ်သည့် ဘူးသီး၊ သခွားသီးများအပြင် အချို့သော သီးပင်စားပင်များလည်း စားဝတ်နေရေးအတွက် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ရေကြီးသည့် ဒဏ်နှင့် ငလျင်ဒဏ်များ သင့်ခဲ့သည့် အင်းလေးဒေသခံများသည် လက်ရှိတွင် ဝင်ငွေအတွက် ကျေးရွာအတွင်းရှိ ဆောက်လုပ်ရေးအလုပ်များတွင် နေ့စားအငှားလိုက်သည့် အလုပ်ဖြင့် ဝင်ငွေရှာနေရပြီး အများစုသည့် အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။

အင်းလေးသောက်သုံးရေ ခပ်နေစဉ်

ငလျင်ဒဏ်ကြောင့် လှေများလည်း ပျက်စီးမှုရှိခဲ့သည့်အတွက် အချို့ဒေသခံများသည် ငါးဖမ်းသွားရန် အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့်၊ နေအိမ် ၃၅၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများ ကြုံတွေ့နေရပြီး၊ ‌ကေလာ၊ နမ့်ပန်၊ ဇရပ်ကြီး၊ ရှေ့ဝကြီး စသည့် ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ စတင်ကြုံတွေ့နေရကြောင်း အင်းလေးဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...